ဆန်ပြုတ်အတွင်း အဆိ-ပ်ခ-တ်ကာ ‌မိသားစုလိုက် စားသောက်ခဲ့သည့်ဖြစ်စဉ်မှ ကျန်ရစ်သူ က-လေ-းငယ်တစ်ဦး အရေးပေါ် ဆေးဝါးကုသခံနေရဆဲ ဟုဆို

0
257

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဆန်ပြုတ်အတွင်း အဆိ-ပ်ခ-တ်ကာ ‌မိသားစုလိုက် စားသောက်ခဲ့သည့်ဖြစ်စဉ်မှ အသက်မဆုံးရှုံးဘဲ ကျန်ရစ်ခဲ့သူ အသက်(၈)နှစ်အရွယ် က-လေ-းငယ်တစ်ဦးမှာ မဲဆောက်ဆေးရုံကြီးတွင် အရေးပေါ် ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူစ်းသို့ ယနေ့တွင် ပြောသည်။

အဆိုပါ က-လေ-းငယ်မှာ ယနေ့အချိန်အထိ ဆေးဝါးကုသခံနေသည်မှာ (၅)ရက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လိုအပ်သည့်ဆေးဝါးများဆက်လက်ကုသရန်အတွက် အရေးပေါ်ကြပ်မတ်ဆောင်သို့ပြောင်းရွှေ့ထားရကြောင်း သိရသည်။

“ဖြစ်တာက (၂၁) ရက်နေ ညနေပိုင်းကပါ။ က-လေ-းကတော့ အရေးပေါ် ကြပ်မတ်ကုသဆောင်(ICU)ထဲမှာ ကုသပေးနေပါတယ်။ ထပ်ပြီးအခန်းပြောင်းရွှေ့သွားတတယ်လို့လည်းကြားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွက် မြဝတီမြို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုနှင့် မဲဆောက်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကာ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်သည် ယခု မတ်လ (၂၁) ရက်နေ့ ညနေပိုင်းအချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူအပြင်သွားနေစဉ် အမျိုးသမီးဖြစ်သူက ဆန်ပြုတ်အိုးအတွင်း ပိုးသတ်ဆေးထည့်ကာ ၎င်းကိုယ်တိုင်လည်း သောက်ခဲ့သလို အသက် (၈) နှစ်အရွယ် သားတစ်ဦးနှင့် အသက် (၉) နှစ်အရွယ် သမီးတစ်ဦးတို့ကိုပါ တိုက်ကျွေးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ယင်းဖြစ်စဉ်အတွင်း မိခင်ဖြစ်သူနှင့် အသက် (၉) နှစ်အရွယ် သမီးဖြစ်သူတို့ အသက်ဆုံးရှုံးခဲ့ရကာ အသက် (၈) နှစ်အရွယ် သားဖြစ်သူအား ယင်းနေ့၌ပင် မဲဆောက်ဆေးရုံကြီးသို့ အရေးပေါ် ဆေးကုသရန် ပို့ဆောင်ခဲ့ရကြောင်း သိရသ ည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများအကြား စားဝတ်နေရေးအဆင်မပြေသဖြင့် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း ပေါ်ပြူလာနယူးစ်၏ သတင်အရင်းအမြစ်ကမူ သီးခြားမှတ်ချက်မပြုပေ။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here