ရုရှား ဒုံးကျည်တစ်စင်း ပိုလန်ဝေဟင်ပိုင်နက်အတွင်း ဝင်ရောက်ခဲ့မှုအတွက် ဖြေရှင်းချက်ပေးဖို့ တောင်းဆို

0
158

ရုရှားက ယူကရိန်းကို ဒုံးကျည်များစွာနဲ့ တို-က်ခို-က်ခဲ့မှုအတွင်း ဒုံးကျည်တစ်စင်းဟာ ပိုလန်နိုင်ငံ လေကြောင်းပိုင်နက်အတွင်း ​ခေတ္တဝင်ရောက်လာခဲ့မှုအတွက် ဖြေရှင်းချက်ပေးဖို့ ပိုလန်က တနင်္ဂနွေနေ့မှာ ရုရှားကို တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ အရေးပေါ်ပျံတက်ဖို့ပြင်ဆင်ရတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။  

ရုရှားဟာ လေးရက်အတွင်း ယူကရိန်းကို အကြီးစား ဒုံးကျည်တို-က်ခို-က်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ယင်းမှာ မြို့တော် ကိဗ်ကို နှစ်ကြိမ်တိုင်ပစ်မှတ်ထားတို-က်ခို-က်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့တယ်လို့ ယူကရိန်းရဲ့ Lviv ဒေသအုပ်ချုပ်ရေးမှူး Maksym Kozytskyi က ပြောဆိုခဲ့ပေမယ့် ဘယ်လိုအဆောက်အအုံတွေလည်းဆိုတာ အတိအကျမပြောခဲ့ပါဘူး။

ညပိုင်းနဲ့ မနက်ပိုင်း ဒုံးကျည်နဲ့ ဒရုန်း တို-က်ခို-က်မှုတွေအတွင်း Lviv ဒေသရှိ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတစ်ခုမှာ မီးလောင်ကျွမ်းခဲ့မှုကို ကယ်ဆယ်ရေးသမားတွေက ငြိမ်းသတ်ခဲ့တယ်လို့ အာဏာပိုင်းတွေက နောက်ပိုင်းမှာ ပြောဆိုပါတယ်။

ရုရှားဟာ Tu-95MS မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကနေ ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်တို-က်ခို-က်ခဲ့တာဖြစ်တယ်လို့ ကိဗ်ရဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဆာဟီးပေါ့ကိုက ပြောဆိုခဲ့ပါတယ်။ မြောက်အရပ်ကနေ ဒုံးကျည်တွေ အစုလိုက် ကိဗ်မြို့ဝေဟင်အတွင်း ဝင်ရောက်လာတာကြောင့် မြို့တော်မှာ လေကြောင်းတပ်လှန့်သတိပေးမှု ၂ နာရီကျော်ကြာ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်းအနောက်ပိုင်းမြို့တွေကို ရုရှားက ပစ်လွှတ်ခဲ့တဲ့ ခရုဇ်ဒုံးကျည်တွေထဲက တစ်စင်းဟာ မနက် ၄း၂၃ နာရီမှာ ပိုလန်လေကြောင်းပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ စစ်ဆင်ရေးဋ္ဌာနချုပ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ယင်းဒုံးကျည်ဟာ ပိုလန်ပိုင်နက်အတွင်း ၃၉ စက္ကန့်အကြာ တည်ရှိခဲ့ပြီး ဒုံးကျည်ကို ရုရှားက ပိုလန်လေပိုင်နက်အတွင်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စေခဲ့သလားဆိုတာ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ရုရှားဒုံးကျည်ဟာ ပိုလန်နိုင်ငံရှိ ပစ်မှတ်တစ်ခုကို ဦးတည်သွားနေတဲ့ အရိပ်အယောင်ရှိခဲ့ပါက ပစ်ချသွားမှာဖြစ်တယ်လို့ ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပိုလန်ကာကွယ်ရေးဝန်ကြီး Wadyslaw Kosiniak-Kamysz က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံထံ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

Ref:abc News


LEAVE A REPLY

Please enter your comment!
Please enter your name here