ရုရှားစစ်တပ်က ယူကရိန်း ဒရုန်း ၁၇,၀၀၀ ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့

0
191

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း မောင်းသူမဲ့ လေယာဉ်(UAV) ၁၇,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“စစ်ပွဲစတင်ကတည်းက အောက်ပါပစ်မှတ်များကို ဖျက်ဆီးခဲ့ပြီးဖြစ်သည် – စစ်လေယာဉ် ၅၇၇ စင်း၊ ရဟတ်ယာဉ် ၂၇၀၊ မောင်းသူမဲ့လေယာဉ် ၁၇,၀၁၁၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ၄၈၉ စင်း၊ တင့်ကား နှင့် အခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ ၁၅,၅၉၈ စင်း၊ ဒုံးပျံမျိုးစုံ ၁,၂၅၆ စင်း၊ လောင်ချာနှင့် အမြောက်များ ၈,၅၂၁ လက်နှင့် အထူးစစ်ရေးယာဉ် ၂၀,၁၉၂ စီး၊” ဟု ဝန်ကြီးဌာန၏ စာရင်းတွင် ဆိုထားသည်။

ရုရှားတပ်ဖွဲ့များသည် Kupyansk ဧရိယာတွင် ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကို ချေမှုန်းခဲ့ပြီး ယမန်နေ့တစ်ရက်ထဲတွင် ရန်သူတပ်ဖွဲ့ဝင် အယောက် ၂၀ နှင့် အမြောက်‌ေ-သနတ်တစ်လက်ခန့်ကို ချေမှုန်းခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here