မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နှစ်ရက်အတွင်း အိမ်ထောင်စု (၂၈၃)စုအတွက် စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီ

0
142

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယခု မတ်လ(၂၀)ရက်နှင့် (၂၁)ရက် နှစ်ရက်တာကာလအတွင်း အိမ်ထောင်စု (၂၈၃)စုမှ လူဦးရေ(၁,၂၆၆)ဦးအတွက် စားနပ်ရိက္ခာနှင့် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ကူညီရာတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘောင်ထဲကျေးရွာ၊ ဘော(၃)ရွာရှိ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မက်သဒစ်ဘုရားကျောင်း၊ စိချဲ့ဘုရားကျောင်း၊ ရွှေနှလုံးတော်ဘုရားကျောင်းတို့၌ လာရောက်ခိုလှုံနေသူများအား ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ကူညီရာတွင် အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း (၁၁၁)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း (၁၁၀) အိတ်၊ က-လေ-းမီးဖွား သန့်စင်သုံးပစ္စည်း (၁၀)အိတ်၊ က-လေ-းများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်းအိတ်(၅၆)အိတ်၊ မွေးကင်းစက-လေ-းသုံးပစ္စည်း(၄၀)အိတ်၊ က-လေ-းဝတ်အင်္ကျီထုပ်(၆၀)ထုပ်၊ ခြင်ထောင်(၁၁၅)လုံး၊ စောင်(၁၁၅) ထည်၊ တာပေါ်လင်(၈၃)စ၊ ဆီ(၁လီတာဘူး)(၂၃၀)ဘူး၊ ဆား(၁၁၅) ထုပ်၊ ငါးခြောက်အထုပ်ငယ်(၁၁၅)ထုပ်နှင့် ပဲ(၁၅၅)ထုပ် တို့ကိုထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံကြက်ခြေနီအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here