ဘော်လ်တီမိုးတံတားပြိုကျ၍ ဆိပ်ကမ်း၌ သင်္ဘောများပိတ်ဆို့နေ

0
166

ဘော်လ်တီမိုး၊မတ် ၂၇

သင်္ဘောဖြင့်တိုက်မိရာမှ ပြိုကျခဲ့ရသည့် အမေရိကန် ပြည်ထောင်စု၊ဘော်လ်တီမိုးမြို့ရှိ Francis Scott Key Bridge သည် အမေရိကအတွက် အဓိကအချက်အချာကျသည့် တံတားတစ်စင်းဖြစ်ကာ နေ့စဉ် ယာဉ်အစီးရေ ၃၄,၀၀၀ ကျော်ဖြတ်သန်းသွားလာနေသည့်တံတားလည်းဖြစ်သည်။

အဆိုပါတံတားသည် ကွန်တိန်နာသင်္ဘောဖြင့် အတိုက်ခံရပြီး စက္ကန့်ပိုင်းအတွင်း ပြိုကျခဲ့ခြင်းဖြစ်ကာ တံတားကျိုးကျမှုကြောင့် ဘော်လ်တီမိုးဆိပ်ကမ်းရှိ ကုန်တင် သင်္ဘောများကို ပိတ်ဆို့ ကုန်ပြီး စီးပွားရေးအရ ကြီးကြီးမားမားထိခိုက်နိုင်ကြောင်းသိရသည်။

တံတားကျိုးကျပျက်ဆီးမှုကြောင့် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားကုန်တန်ချိန် ၅၂ သန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၀ ဘီလျံအထိရရှိခဲ့သည့်ဆိပ်ကမ်းအတွက် ရေကြောင်းသွားလာကုန်သွယ်မှုများပိတ်ပစ်ခဲ့ရကြောင်း မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ မကြာသေးမီက သတင်းထုတ်ပြန်ချက်အရသိရသည်။

“Francis Scott Key တံတားအားပိတ်လိုက်ရတာက စီးပွားရေးလုပ်ငန်းေတွ နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို အနှောင့်အယှက်ဖြစ်စေလိမ့် မယ်” ဟု လည်းကုန်သည်ကြီးများအသင်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယမန်နေ့ ‌မတ်လ ၂၆ ရက်နေ့က ဘော်လ်တီမိုးမြို့ရှိ Francis Scott Key တံတားအား ကုန်တင်သင်္ဘောတစ်စီးကဝင်တိုက်မိရာမှ တံတားကျိုးကျပြီး ‌ေ-သဆုံးသူခြောက်ဦးအထိရှိခဲ့ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here