အိန္ဒိယက မြန်မာနဲ့ နယ်နိမိတ်ကို ခြံစည်းရိုးခတ်လျှင် ဒေါ်လာ ၃.၇ ဘီလီယံ သုံးရမည်ဟု ဆို

0
188

မှောင်ခိုမှုတွေနဲ့ အခြားတရားမဝင်လုပ်ရပ်တွေ ဟန့်တားနိုင်ရေး ကြိုးပမ်းချက်အဖြစ် အိမ်နီးချင်းမြန်မာနိုင်ငံတလျှောက် စိမ့်ဝင်နေတဲ့ နယ်နိမိတ်ကို ခြံစည်းရိုးခတ်ဖို့ရာ ဆယ်စုနှစ်တစ်ခုစာအတွက် အိန္ဒိယက ကန်ဒေါ်လာ ၃.၇ ဘီလီယံခွင့်ပြုပေးထားတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း သိရပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်ဖို့နဲ့ နယ်စပ် တစ်ဖက်တစ်ချက်စီမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေအတွက် ဆယ်စုနှစ်များစွာကြာ ဗီဇာကင်းလွတ်ခရီးသွားလာခွင့် သဘောတူညီချက်ကို ရပ်ဆိုင်းမယ်လို့ ဖေဖော်ဝါရီလမှာ နယူးဒေလီက ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယ အရှေ့မြောက်ဒေသများရဲ့ လူဦးရေစာရင်းကို ထိန်းသိမ်းရန်လိုအပ်ချက်နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခုအခါ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီထံက အစိုးရအဖွဲ့ အတည်ပြုချက်သာလိုတော့တဲ့ ခြံစည်းခတ်ခြင်းဆိုင်ရာ အသုံးစရိတ်ကို အစိုးရကော်မတီတစ်ခုက ထောက်ခံအတည်ပြုချက်ပေးထားပြီဆိုပေမယ့် နောက်ထပ်သတင်းအချက်အလက်အသေးစိတ်ကို ပြောဆိုဖို့တော့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ငြင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးနဲ့ အသံလွှင့်ဋ္ဌာနများကို မှတ်ချက်ပေးဖို့ အီးမေးလ်ကတဆင့် တောင်းဆိုခဲ့ပေမယ့် တုန့်ပြန်ဖြေကြားခြင်းမရှိ သို့မဟုတ် လတ်တလော တုန့်ပြန်ခြင်း မရှိသေးကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Ref: Business Up Turn


LEAVE A REPLY

Please enter your comment!
Please enter your name here