နေပြည်တော်ကို ခရီးစ‌ဉ်ဒေသအဖြစ် ‌အဆင့်မြှင့်တင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ပြော

0
152

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ကားလမ်းခရီး၊ ရထားလမ်းခရီးသာမက လေကြောင်းခရီးဖြင့်ပါ လွယ်ကူစွာ သွားလာလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

မတ် (၂၆) ရက်တွင် ပြုလုပ်သည့် နေပြည်တော်ခရီးစဉ်ဒေသ မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ညီလာခံများနှင့် ကုန်စည်ပြပွဲများ ကျင်းပရန် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာများ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိသော နေပြည် တော်ကို MICE (Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဉ်များနှင့် ပြတိုက်များ စသည်ဖြင့် ခရီးသွားဆွဲဆောင်ရာ နေရာ (၃၈) ခုရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နေပြည်တော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန် ဈေးကွက်ရှာဖွေမြှင့်တင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ဆွဲဆောင်မှု ပိုမိုကောင်းမွန်သော ဦးစားပေးနေရာများ ရွေးချယ်၍ ခရီးစဉ်လမ်းကြောင်းများ ရေးဆွဲခြင်း၊ Promotion Campaign အစီအစဉ်များ ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here