လိင်တူ ထိမ်းမြားခွင့် ဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော် တခဲနက် အတည်ပြု

0
135

လက်ထပ်ထိမ်းမြားမယ့် စုံတွဲတွေအတွက် ကျား၊ မ မခွဲခြားဘဲ တရားဝင် တန်းတူအခွင့်အရေးရရှိစေမယ့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာဖို့ရှိသော လက်ထပ်ထိမ်းမြားမှုဆိုင်ရာ တန်းတူညီမျှရေး ဥပဒေကြမ်းကို ထိုင်း အောက်လွှတ်တော် ဥပဒေပြုအမတ်တွေက တခဲနက် ထောက်ခံအတည်ပြုလိုက်ကြောင်း သိရပါတယ်။

အမတ်ဦးရေ ၄၁၅ ဦးတွင် အမတ် ၄၀၀ က ဗုဒ္ဓဟူးနေ့မှာ ဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့ကြပြီး လွှတ်တော်အတွင်းရှိသူတွေ မတ်တပ်ရပ် လက်ခုပ်သြဘာပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဖြူထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ဥပဒေကြမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒန်နူဖွန်း ပန်နာကန်တာက “ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှမှု ဒီနေ့မှာ စတင်ပါပြီ၊ ဒါ အစပဲ ရှိပါသေးတယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်အတွက် နောက်ထပ် ဥပဒေတွေ ထွက်လာဦးမှာပါ” လို့ X မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်သလို ဘုရင်က ထောက်ခံချက်ပေးရမှာဖြစ်ပါတယ်။ ထောက်ခံချက်ရခဲ့ပြီဆိုရင်တော့ ဥပဒေကြမ်းကို တော်ဝင်ဂေဇက်မှာ ထုတ်ပြန်ပြီး ရက် ၆၀ အကြာမှာ ဥပဒေအဖြစ် အသက်ဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

ဥပဒေအသက်ဝင်ခဲ့ပြီဆိုပါက ထိုင်းနိုင်ငံဟာ အာရှမှာ ထိုင်ဝမ်၊ နီပေါနိုင်ငံတို့နဲ့အတူ လိင်တူထိမ်းမြားခြင်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here