Wednesday, April 16, 2025

PENANE INVITATIONAL JICA JUDO...

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့်...

သင်္ကြန်ကာလ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင်...

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical...

သင်္ကြန်ပိတ်ရက်အတွင်း ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ CB Bank...
HomeCelebrities' Newsလုံခြုံမှုကင်းမဲ့ လူမှုဘဝနဲ့ သက်ငယ်မုဒိမ်း...

လုံခြုံမှုကင်းမဲ့ လူမှုဘဝနဲ့ သက်ငယ်မုဒိမ်း အန္တရာယ်

အခုအခါ နိုင်ငံအဝှမ်းမှာ သက်ငယ်မုဒိမ်းဖြစ်စဉ်များ စဉ်ဆက်မပြတ် ဖြစ်ပွားလာနေပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်များရဲ့ လူမှုဘဝလုံခြုံမှုတို့ကို ခြိမ်းခြောက် အန္တရာယ်ပြုလျက် ရှိနေပါတယ်။ ဒီလိုပဲ နေ့စဉ် နေ့တိုင်းလိုလို အွန်လိုင်းပေါ်မှာလည်း သက်ငယ် မုဒိမ်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီးသတင်းများ၊ စတေး တပ်များတင်လာကြ တာမို့ လူတိုင်းလိုလို စိတ်မချမ်းမြေ့ ဖြစ်ခဲ့ကြရပါတယ်။ ဒီလို မကြားဝံ့ စရာ၊ မတွေးဝံ့စရာ လူ့ဘောင် လောကရဲ့ စာရိတ္တပျက်စီးမှုများနဲ့ လူမဆန်တဲ့လုပ်ရပ်များတို့ကို ထိန်း ချုပ် အကာအကွယ်ပြုပေးနိုင်ဖို့ ဥပဒေအကာအကွယ်ပေးမှုများ ရော၊ တရားမျှတ စစ်မှန်တဲ့တရားစီရင်ရေးပါ အားကောင်းစွာ ဖြစ် တည်ရှိလာအောင် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတို့က အလေးထားလုပ်ဆောင်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဂုဏ်အသရေပျက်စေသလို လူ့ဘောင်လောကအတွက် အရုပ်ဆိုးအကျည်းတန် အဆင့် အတန်း နိမ့်ကျစေတဲ့ သက်ငယ်မုဒိမ်း ဖြစ်စဉ်များပပျောက်ကင်းစင် ချုပ်ငြိမ်းသွားစေရေးအတွက် အနု ပညာရှင်တို့ရဲ့ ဆန္ဒစကားသံများ စုစည်းဖော်ပြလိုက်ရပါတယ်။

ngu

ခိုင်သဇင်ငုဝါ

အခုနေ့တိုင်းလိုလို အဲဒီသတင်းတွေတွေ့တော့ စိတ်မကောင်းဘူး။ ပိုပြီးအန္တရာယ်များလာတယ်လို့လည်း မြင်မိတယ်။ ခေတ်ကာလက တဖြည်းဖြည်းနဲ့ ပိုဆိုးတော့မှာ။ အသက် ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ငယ်ငယ်လေးတွေနဲ့ အိမ်ထောင်ပြုလာနိုင်တယ်။ နေရ၊ ထိုင်ရတာလည်း ကြောက်လာတယ်။ ခေတ်ကြီးက ဘယ်သူ့ကိုမှလည်း မယုံရဲတော့ဘူး။ အနီးကပ်ဆုံးလူတောင် ယုံရပါ့မလားစိတ်တောင် ဖြစ်လာတယ်။ ညီမပြောချင်တာက အခုသက်ငယ်ကလေးတွေကို အဲဒီလိုလုပ်တဲ့သူတွေက သူတို့ဆီမှာ အဲဒီ စိတ်ဖြစ်လာပြီဆိုရင် ဘာမှမတွေးတော့ဘဲ နီးစပ်ရာမှာရှိတဲ့သူကို လုပ်တယ်ဆိုတာ မကောင်းဘူး။ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်စိတ်ကို အဓိကနိုင် အောင်ထိန်းနိုင်ဖို့ အရေးကြီးတယ်။ အဲဒီလိုအသိစိတ်နဲ့ ထိန်းရင် ဒီလိုမျိုးလည်း နောက်ဆို ဖြစ်လာမှာမဟုတ်ဘူး။ မိန်းကလေးတွေအနေနဲ့လည်း သွားတာလာတာ၊ နေတာထိုင်တာတွေ အစစအရာရာဂရုစိုက်သင့်တယ်လို့ ထင်တယ်”

supan

ဆုပန်ထွာ

” ဒီကိစ္စတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်။ ကြောက်စရာကောင်းလွန်းတယ်ဆိုတာထက် ဒါက လူစိတ်မရှိလို့ ဖြစ် တာ။ ဒီလိုလူမျိုးတွေဆိုတာက အစ်မထင်တယ်။ အမှား၊ အမှန်လည်း မခွဲနိုင်ဘူး။ မောဟဖုံးနေတဲ့သူ။ ပြီးတော့ တဏှာ ကြီးတဲ့သူပေါ့။ သူတို့က ဦးနှောက်နဲ့တောင်မှ ဒီကလေးတွေ အပေါ် မစဉ်းစား၊ မချင့်ချိန်နိုင်တာ။ ဒီလိုလူမျိုးတွေကတော့ မရှိသင့်ပါဘူး။ လူ့လောကကြီးမှာ ရှိနေလည်း ဒီလူတစ် ယောက်က ဘာအသုံးဝင်မှာလဲ။ အစ်မတို့ဆို အမြဲ စဉ်း စားတယ်။ ငါလူ့လောကကြီးထဲ မှာနေရင် ငါလူ့ လောကထဲက လူတွေအတွက်၊ လူတွေအတွက် မဟုတ်ရင်တောင် မိသားစုအတွက် ဘယ်လို အထောက်အပံ့ဖြစ်မယ့်သူ၊ အသုံးဝင်မယ့် သူဖြစ်မလဲ၊ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို မပန် အမြဲစဉ်းစားတယ်။ ဒီလိုအသုံးမဝင်ဘဲနဲ့ လူ့လောကကြီးမှာ မကောင်းတာတွေ လုပ်ပြီး အသက်ရှင်မယ့်အတူတူအခု ဖေ့စ်ဘုတ်မှာ ရေးနေကြတဲ့ သေဒဏ်ပေးပါဆိုတာ တကယ် ကိုမှန်တယ်။ ရှိနေလည်း ဘာအကျိုးမှမရှိဘူး။ ဒီ ကိစ္စကြီးက ကြားလို့တောင်မကောင်း ပါဘူး။ အခုအစ်မမှာလည်း သားသမီးရှိ နေတော့ သားသမီးချင်း ကိုယ်ချင်းစာတဲ့ စိတ်က ပိုရှိသွားပြီ။ ဒီလို ကျူးလွန်တဲ့ သူတွေက ငါ့သမီးလေး သာဆိုရင်၊ ငါ့နှမ လေးသာဆိုရင်ဆိုတဲ့ စိတ်ကလေးရှိရင် ဒါမျိုးတွေ ရှိမှာမဟုတ်ဘူး။ ဒါကတော် တော် အစွန်းရောက်တဲ့စိတ်ဖြစ်သွားပြီ။ ဒီလိုလူမျိုး ရှိတောင်မရှိသင့်ဘူး။ သေဒဏ် လို့လည်း မပြောချင်ပါဘူး။ ဘာမှအကျိုးမရှိတဲ့ လူတစ်ယောက်က ရှိကိုမရှိသင့်တာပါ”

yadanarbo

ရတနာဗို

” အွန်လိုင်းပေါ်မှာဆို တစ်နေ့နဲ့ တစ်နေ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး တက်တက်လာတာကို တွေ့ရတယ်။ အဲဒါတွေမြင်ရတော့ တကယ်ကို စိတ်မချမ်း သာဘူး။ သူတို့အတွက်လည်း စိတ်မကောင်း ဖြစ်ရတယ်။ အဲဒီလိုလူတွေရှိလားလို့ တောင် အံ့သြမိတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို သေသေချာချာ စောင့်ရှောက်သင့်တယ်။ လုပ်တယ်ဆိုတဲ့သူတွေက တကယ်တော့ လူစိတ်မရှိလို့ပဲ။ သူတို့ကို ထိထိရောက်ရောက် အရေးယူစေချင် တယ်။ တစ်ခုခုဖြစ်သွားရင် ဖြစ်သွား တယ်ဆိုပြီးပဲ ပေါ်လာတယ်။ အမှုက မပေါ်လာဘူး။ အကုန်လုံးစုပေါင်းပြီးတော့ တရားခံကိုဖမ်းပြီး ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ ဒီလိုဖြစ်တာက နယ်တွေမှာဖြစ်တာ ပိုများတာတွေ့ရတယ်။ ညီမ ပြောချင်တာက အသိပညာ၊ အတတ်ပညာတွေ အများကြီးလိုအပ်နေတဲ့အတွက် ဒီလိုတွေဖြစ်လာတယ်လို့ ညီမယူဆတယ်။ အဲဒီလိုဖြစ်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ သူ့ရဲ့ရှေ့ဆက်ရမယ့်ဘဝက သူ့အတွက် တအားကို ချောက် ချားစရာဖြစ်သွားပြီ။ စိတ်အနာတရ ဖြစ်သွားပြီ။ မိဘတွေအနေနဲ့ ကိုယ့်သား သမီးကို သေချာဂရုစိုက် ထိန်းသိမ်းသင့်တယ်လို့ မြင်ပါတယ်”

khinla

ခင်လပြည့်ဇော်

” အဲဒီစကားလုံးကို ကြားလိုက်ရ ရုံနဲ့စိတ်နာတယ်။ ရင်ထဲထိကို နာတယ်။ အခုလူမှုပတ်ဝန်းကျင်မှာ ဒီကိစ္စဖြစ်နေရတဲ့ ကလေး တွေက ၄နှစ်၊ ၅နှစ်၊ ၇နှစ်နဲ့ ၁ဝနှစ်တောင် မကျော်သေးတဲ့ ကလေးတွေကို ကျူးလွန်ကြတာ။ အဲဒီကလေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေလို့ မစဉ်းစားကြဘူး။ ပြီးတော့ ဘယ်လိုစိတ် တွေဝင်ပြီး ဒီလိုမျိုး ကျူးလွန်ခဲ့ကြသလဲနားမလည်ဘူး။ မြန်မာ နိုင်ငံမှာက ညီမတို့ အသက်အရွယ်မှာတောင် မိဘအုပ်ထိန်းမှု အောက်မှာပဲ ရှိနေတုန်း။ သူများနိုင်ငံတွေလို အသက် ၁၆နှစ်၊ ၁၈နှစ်ပြည့်ရင် လွှတ်ထားလိုက်တဲ့နိုင်ငံမျိုး မဟုတ်ဘူး။ ဗုဒ္ဓဘာသာနိုင်ငံမျိုးဖြစ်ပြီး သက်ငယ်မုဒိမ်းမှုတွေ ကြားနေရ တာအင်မတန် ရွံဖို့ကောင်းပါတယ်။ ကလေးတွေအစား တအားယူကျုံးမရဖြစ်ရပါတယ်။ ကလေးတွေ မိဘတွေတော့မသိဘူး။ ကိုယ်တွေတောင်မှ ကြားရရုံနဲ့ တအား ဒေါသဖြစ်ရတယ်။ အဲဒီလူကို ကိုယ်ကိုယ်တိုင်ချက်ချင်း အပြစ်သွားပေးချင်လောက် အောင် ဖြစ်မိတယ်။ ဒီကိစ္စကို ပြင်းပြင်းထန် ထန် အပြစ်ပေးသင့်ပါတယ်။ ဘယ်လိုမှ အစားထိုးလို့မရတဲ့ကိစ္စ ပါ။ ရှင်းရှင်းပြောရရင် ပျက်စီး သွားတဲ့ အနာဂတ်ဆိုတာ၊ ကလေးလေးတွေရဲ့ အပျိုဘဝဆို တာကို ဖျက်စီးသွားတော့ ကလေး တစ်ဘဝလုံးပျက်စီးသွားသလိုပါပဲ။ ဒါက ပြန်အစားထိုးလို့မရတဲ့အရာမို့ ညီမတို့ မြန်မာနိုင်ငံမှာနည်းပါးစေချင်တယ်။ ညီမကတော့လုံးဝကို ပပျောက် သွားစေချင်တယ်။နောက်ဘယ်သူမှ မလုပ်ရဲရအောင် ဘယ်သူမှ ထပ်မကျူး လွန်အောင် စိတ်ထဲမှာကို မရှိတော့ လောက်အောင် စံပြအနေနဲ့အပြစ် ပေးစေချင်ပါတယ်”

mayphyu

မေဖြူဖြူ

” အဲဒီလိုတွေက အရင်ကတည်းက အများကြီးရှိတယ်။ အဓိကက အဲဒီလူတွေကို ထိထိရောက်ရောက်နဲ့ အရေးယူသင့် တယ်။ ကလေးတွေဆိုတာက ကိုယ့်နိုင်ငံရဲ့ အနာဂတ်ပဲ ဆိုတော့ သူတို့အတွက်ကို ပိုလုပ်စေ ချင်တယ်။ အမှုမှန်ပေါ်ပေါက်ဖို့ အတွက် အကုန်လုံးကို ဝိုင်းဝန်း ကူညီစေချင်တယ်။ အခုလို အသင်းအဖွဲ့တွေ ပေါ်လာတဲ့ အတွက် ဝမ်းသာမိတယ်။ ဒါပေမဲ့ အဲဒါက အသက် မပြည့်တဲ့ ကလေးတွေအတွက် အဆင်ပြေတယ်။ စကားမပြောတတ်သေးတဲ့ ကလေးတွေအတွက် ကျတော့ ကိုယ့်ဘာသာကိုယ်တောင် ဘယ်လို လုပ်ပေးရမလဲမသိဘူး။ လူတွေကို စာနာစိတ် တော့ ရှိစေချင်တယ်။ လူဆိုတာကတော့ လူစိတ်ရှိ ရမယ်။ ထိထိရောက်ရောက်ကို အရေးယူစေ ချင်တယ်။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေးတွေကို သေချာဂရု စိုက်ပေးသင့်တယ်လို့ ထင်တယ်”

ပေါ်ပြူလာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071