ဟိုပုံးမြို့နယ်မှ ကျေးရွာ (၃)ရွာရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

0
148

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော နမ့်ဟူး၊ ပန်လျန်း၊ ကျောက်ကချားကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျေးရွာ (၃)ရွာရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်အခြေချ လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် မတ် (၂၈) နံနက်ပိုင်းက
နမ့်ဟူးကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့်အဖွဲဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဒေသခံများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းဆောက်လုပ်ရန် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်ကချားကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here