ကော့ဘိန်းကျေးရွာ စစ်ရှောင်ပြည်သူ (၅,၀၀၀) ကျော် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ

0
243

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ဘိန်းကျေးရွာအနီးတိုက်ပွဲကြောင့် စစ်ရှောင်နေကြရသည့် ဒေသခံပြည်သူ (၅,၀၀၀) ကျော်မှာ စားနပ်ရိက္ခာအကူအညီများ လိုအပ်လျှက်ရှိကြောင်း ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်‌နေသူများထံက သိရသည်။

အဆိုပါ ကော့ဘိန်း၊ ကော့ပေါက်၊ သရနာ၊ ဓမ္မသကျေးရွာများရှိ တိုက်ပွဲရှောင်ပြည်သူများ ခိုလှုံရာနေရာများသို့ မတ်လ (၂၉)ရက်တွင် ဘားအံခရိုင်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များစုပေါင်း၍ စားနပ်ရိက္ခာများ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ခရားအပြင်ရွာက အမှတ်(၂)စာသင်ကျောင်းမှာခိုလှုံနေတဲ့ စစ်ရှောင်တွေကို သွားလှူတာပါ။ စစ်ရှောင်တွေအတွက်သီးသန့်စခန်းဖွင့်ထားတာ မျိုးလည်းမရှိတော့ ပြန့်ကျဲနေကြတယ်” ဟု ၎င်းက ပြောသည်။

မတ်လ (၂၄)ရက်က စတင်ဖြစ်ပွားခဲ့သည့် ကော့ဘိန်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် မွန်လူမျိုးများ အများစုနေထိုင်ရာ ကော့ဘိန်း၊ ကော့ပေါက်နှင့် သရနာကျေးရွာများရှိဒေသခံများ စစ်ရှောင်နေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here