လှည်းကူးမြို့နယ် ရှမ်းတဲကြီး အထက်ကျေးရွာအနီးတွင် ယာဉ်တို-က်မှု ဖြစ်ပွားရာမှ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံး

0
101

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးအထက်ကျေးရွာအနီးတွင် ယာဉ်တို-က်မှုဖြစ်ပွားရာမှ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် Medical လူမှုကူညီရေးအသင်းမှ သိရသည်။

မတ်လ (၂၉)ရက်၊ ည (၁၀)နာရီ (၅၈)အချိန်ခန့်က လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးအထက်ကျေးရွာ၊ အမှတ် (၂) လမ်း၊ ထက်ဧကရီ ဆီဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့်အတူ Medical လူမှုကူညီရေးအသင်းမှ ထွက်ခွာကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်တို-က်မှုကြောင့် ယာဉ်မောင်း အမျိုးသား တစ်ဦးမှာ ကားအတွင်း ည-ပ်နေရာ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရာ ည (၁၁) နာရီ (၃၁) မိနစ်အချိန်တွင် ရုပ်အလေ-ာင်းအား ထုတ်ယူနိုင်ခဲ့ပြီး Medical လူမှုကူညီရေးအသင်းပိုင်ကားဖြင့် ဒါးပိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here