ရွှေဈေးကွက်အတွင်း လေပတ်ကားရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို သက်ဆိုင်ရာမှခေါ်ယူစစ်ဆေးနေဟုဆို

0
149

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသည် ရွှေဈေးကွက်အတွင်းဖြစ်ပေါ်နေသော ရွှေဈေးနှုန်းအခြေအနေများကို ရန်ကုန်မြို့ရှိ ရွှေဆိုင်ကြီး (၇) ဆိုင်ထံမှ နေ့စဉ် YGEA ဈေးကွက်ဈေးနှုန်းအဖြစ် တနေ့လျှင် သုံးကြိမ်ထုတ်ပြန်ပေးနေကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန် ရွှေအသင်းက ယနေ့မတ်လ (၃၀) ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ ၁၆ ပဲရည်ရွှေတစ်ကျပ်သားလျှင် ၃,၈၃၄,၈၀၀ ကျပ်ဖြစ်သည်။

သို့ရာတွင် ရွှေဈေးကွက်ကို ကမောက်ကမ ဖြစ်စေလိုသော မသမာသူများနှင့် လေပတ်ကားရောင်းဝယ်သူများ/ပွဲစားများသည် ရွှေဈေးနှုန်းများမတန်တဆမြင့်တက်စေရန်အတွက် ဈေးကွက်အတွင်းတွင် အရောင်း အဝယ်မရှိသော ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစားလျက်ရှိကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ယင်းမသမာသော ဆောင်ရွက်ချက်များကို ကန့်ကွက်ရှုတ်ချကြောင်း အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသ ည်။

ထို့အပြင် ရန်ကုန်ရွှေအသင်းဝင်များအနေဖြင့် မသမာမှုများတွေ့ရှိပါက သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများထံ သတင်းပေးပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

ရွှေဆိုင်များနှင့် မိဘပြည်သူများအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့်ဈေးနှုန်းအတိုင်းသာ ရောင်းဝယ်ကြရန်နှင့် လေပတ်ကားရောင်းဝယ်သူများ/ပွဲစားများ၏ မသမာသောစိတ်ဓာတ်ဖြင့် ရွှေဈေးနှုန်းကမောက်ကမဖြစ်စေရန် ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရေးထိန်းသိမ်းဆောင်ရွက်သွားရန် သတိပေးထားသည်။

ထို့ပြင် အဖိုးတန်သတ္တုရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်၊ မြို့တော်စည်ပင်မှ ရွှေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်နှင့် ရွှေအတုံး/အခဲရောင်းဝယ်ရေး လိုင်စင်များကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားပြီး ရောင်းဝယ်လုပ်ကိုင်ကြရန် အသိပေးထားသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ယင်းကဲ့သို့ ထုတ်ပြန်သတိပေးမှုများ လုပ်ဆောင်နေသော်လည်း ပြင်ပဈေးကွက်တွင် (၁၆) ပဲရည် ရွှေတစ်ကျပ်သားကို ၄၅ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here