အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ကိုင်သူများအနေဖြင့် စက်သုံးဆီဝယ်မရသည့် အခက်အခဲများရှိနေဟုဆို

0
99

ပွင့်လင်းရာသီ ရောက်ရှိလာပြီး ကုန်စည်ပေါများသည့် အချိန်ဖြစ်သော်လည်း နေရာဒေသ အသီးသီးသို့ ကုန်စည်များသယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဝယ်မရသည့် ပြသနာကြောင့် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

” အခုအချိန်က ကောင်းတဲ့အချိန်ပေါ့။ ဒါပေမဲ့ မနှစ်ကစံချိန်ကိုတော့မမီဘူး။ အခက်အခဲက စက်သုံးဆီရှားပါးတာ။ အဓိက ဝယ်မရတာပေါ့”ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

အ‌ဆိုပါ စက်သုံးဆီပြသနာသည် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ကြုံတွေ့နေရပြီး စက်သုံးဆီရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရခြင်း ဖြစ်‌သည်။

ပြီးခဲ့သည့် မိုးရာသီတွင်လည်း အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများသည် လမ်းပိုင်း အခက်အခဲ၊ ကုန်စည် ရှားပါးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ၇၀ ရာခိုင်နှုန်းခန့် ရပ်နားခဲ့ရကြောင်း သိရသည်။

လက်ရှိ ပို့ကုန်/သွင်းကုန် လုပ်ငန်းများသည် လည်ပတ်မှု နည်းပါးနေသလို တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပို့ဆောင်ရာတွင်လည်း ကုန်စည်ရရှိမှုများ နည်းပါးနေသေးကြောင်း သိရသည်။

ထို့ပြင် ကုန်စည်များ ပို့ဆောင်ရာတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုနှင့်တစ်ခုသို့ ဖြတ်သန်းရာ၌ အချိန်ကန့်သတ်ထားမှုများ ရှိခြင်းကြောင့်လည်း အချိန်ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here