စာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် တက္ကသိုလ်ဝင်ကျောင်းသားများအတွက် စာမေးပွဲကို ဧပြီ (၂၉) ရက်တွင်ကျင်းပမည်

0
151

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် လုံခြုံရေးအရ ဖြေဆိုခွင့်မရသည့် ကျောင်းသားများကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် လာမည့် ဧပြီလ (၂၉) ရက်တွင် စာမေးပွဲပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ပြီးဖြစ်သည်။

ပြန်လည်ဖြေဆိုရမည့် ရက်များမှာ ဧပြီ (၂၉) ရက်တွင် မြ န်မာစာ၊ (၃၀) ရက်တွင် အင်္ဂလိပ်စာ ၊‌ မေလ (၂) ရက်တွင်သင်္ချာ၊ မေလ (၃) ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မေလ (၄) ရက်တွင် ရူပဗေဒ/သမိုင်း၊ မေလ (၆)ရက်တွင် ဇီဝဗေဒ / ဘောဂဗေဒ ဘာသာရပ်များကို နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုသွားရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကျင်းပမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အ.ထ.က(၉) မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံမြို့ရှိ အထက(၂) ဘားအံ၊ ချင်းပြည်နယ် မတူပီရှိ အထက(၂) မတူပီ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့ အထက(၂) မုံရွာ၊ တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်မြို့ အ ထက(၁) ထားဝယ်၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ အထ က(၁၄)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူမြို့ရှိ အထ က(၁) တောင်ငူ၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့ရှိ အထက(၅)ပြည်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အထ က(၃) မကွေး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့အထက(၈)အောင်မြေသာစံ၊ ပြင်ဦးလွင်မြို့ရှိ အထက(၂) ပြင်ဦးလွင်၊ မိတ္ထီလာမြို့ရှိ အထက(၁)မိတ္ထီလာ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထက (၇) မော်လမြိုင်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အထက(၁)၊ အထက(၂) ၊ အထက(၄)၊ အထ က(၅) စစ်တွေ၊ ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ် အထက(၁) သန်လျင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အထက(၁)မင်္ဂလာ ဒုံ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အထက သုဝဏ္ဏ၊ ကြည့်မြင်တိုင်မြို့ရှိ အထက(၁) ကြည့်မြင်တိုင်၊ ရှမ်းပြည်နယ်(တောင်) တောင်ကြီးမြို့ရှိ အထက(၃) တောင်ကြီး၊ ရှမ်းပြည်နယ် (မြောက်) လားရှိုး အထက (၈) လားရှိုး၊ ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံရှိအထက(၂) ကျိုင်းတုံ တို့ဖြစ်ကြောင်း သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် လုံခြုံရေးအရ ဖြေဆိုခွင့်မရသည့် ကျောင်းသားများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပြုထားခြ င်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်မှ စတင်ဖြေဆိုခဲ့ရာ မတ်လ (၁၉) ရက်တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲများ ဖြေဆိုမှုကို ကျင်းပခဲ့ပြီး စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိသည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here