ထိုင်းမှာ မြန်မာလုပ်သား ခြောက်ဦးနဲ့ တရုတ်တစ်ဦး ‌ေ-သဆုံးခဲ့တဲ့ ကရိန်းပြို-ကျမှုဖြစ်စဉ်မှာ လုပ်ငန်းရှင်နဲ့ လျော်ကြေးကိစ္စ ညှိနှိုင်းမှု ပြေလည်

0
166

ထိုင်းနိုင်ငံ Rayong ပြည်နယ် Pluak Daeng ခရိုင်က လုပ်ငန်းခွင်တစ်ခုမှာ မတ်လ ၂၉ ရက်နေ့က ကရိန်းပြို-ကျမှုဖြစ်ပွားကာ မြန်မာလုပ်သား ခြောက်ဦးနဲ့ တရုတ်လုပ်သားတစ်ဦး ‌ေ-သဆုံးမှုဖြစ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ စေ့စပ်ညှိနှိုင်းမှုတွေ နာရီအတော်ကြာ လုပ်ခဲ့အပြီးမှာ အလုပ်သမားတွေဘက်က ရဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ‌ေ-သဆုံးရုပ်အလေ-ာင်းတွေ သယ်ယူခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

‌ေ-သဆုံးခဲ့သူ တစ်ယောက်ချင်းစီရဲ့ မိသားစုတွေကို ဘတ် ၁.၆ သန်းစီ လျော်ကြေးပေးဖို့ ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ခံက သဘောတူခဲ့ပြီးနောက် မြန်မာအများစုပါဝင်တဲ့ အလုပ်သမားတွေက ဒီနေ့မနက်ပိုင်းမှာ လုပ်ငန်းခွင်နေရာကို ပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယမန်နေ့ ညနေ ၅ နာရီလောက်က ကရိန်းပြိုကျမှုဖြစ်စဉ်ပေါ်ပေါက်ခဲ့အပြီးမှာ အလုပ်သမားတွေက လုပ်ငန်းခွင်ဂိတ်တံခါးကို ပိတ်ဆို့ထားခဲ့ကြပြီး အရေးပေါ်လုပ်ငန်းဆောင်တာတွေဆောင်ရွက်ဖို့ ဂိတ်အတွင်းဝင်ရောက်လိုတဲ့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ယာဉ်တွေကို ဝိုင်းထားခဲ့ကြပါတယ်။ အာဏာပိုင်တွေကို အထဲဝင်ခွင့်မပြုမီ ကုမ္ပဏီပိုင်ရှင်တွေနဲ့ လျော်ကြေးကိစ္စအတွက် တွေ့ဆုံလိုတယ်လို့ အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အလုပ်သမားခေါင်းဆောင်တွေ၊ ကြားဝင်စေ့စပ်ပေးတဲ့ မြန်မာအလုပ်သမားများ ကူညီထောက်ပံ့ရေးအဖွဲ့(WAG) မှ ကိုယ်စားလှယ်တွေနဲ့ ကနဦး ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းအတွင်း ‌ေ-သဆုံးရုပ်အလေ-ာင်းတွေနဲ့ ဒဏ်ရာရလုပ်သားတွေ လုပ်ငန်းခွင်ဝန်းအတွင်းမှာပဲ ရှိနေခဲ့ပါတယ်။

ယင်းနောက် ‌ေ-သဆုံးသူတွေရဲ့ မိသားစုဝင်တွေက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အလုပ်ရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှု အဆုံးသတ်ခဲ့ကြောင်းနဲ့ ‌ေ-သဆုံးခဲ့သူတစ်ဦးချင်းစီအတွက် အလုပ်ရှင်တွေက ဘတ် ၁.၆ သန်းစီ လျော်ကြေးပေးမှာဖြစ်ကြောင်း WAG ကိုယ်စားလှယ်တစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။ ပထမဆုံးအနေနဲ့ ဘတ် ၅ သိန်းကို လက်ငင်းပေးချေပြီး ကျန်ငွေကို သုံးလ အရစ်ကျ ပေးချေမှာဖြစ်တယ်လို့ သိရကာ ဈာပနစရိတ်တွေကိုလည်း အလုပ်ရှင်တွေက တာဝန်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ မတော်တဆမှု များစွာဖြစ်ပွားမှုရှိခဲ့ပေမယ့် အခုလောက် မပြင်းထန်ဘူးလို့ မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေ အလုပ်လုပ်နေတဲ့ ငြမ်းစင်ပေါ်ကို ကရိန်းပြို-ကျသွားခဲ့တာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ရုပ်အလေ-ာင်းတွေကို Rayong ရဲစခန်းကို သယ်ဆောင်သွားခဲ့ပြီး ဒီမနက်ပိုင်းမှာ ရဲတပ်ဖွဲ့က အခင်းဖြစ်လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

Ref: Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here