ဟောင်ကောင်ရှိ RFA ဌာနခွဲအားပိတ်သိမ်း

0
158

ဝါရှင်တန်၊မတ် ၂၉

ဟောင်ကောင်၌ နိုင်ငံတော်လုံခြုံရေးဥပဒေသစ်ပြဌာန်းပြီးနောက် ဝန်ထမ်းများ၏လုံခြုံရေးနှင့်ဘေးကင်းရေးစိုးရိမ်မှုများကြောင့် ဟောင်ကောင်ရှိဌာနခွဲအားပိတ်သိမ်းလိုက်ကြောင်း အမေရိကန်သတင်းဌာန RFA ကပြောကြားခဲ့သည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်သီတင်းပတ်က နိုင်ငံတော် သစ္စာဖောက်မှု၊သူလျှိုလုပ်မှုနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုစသည့် ရာဇဝတ်မှုများအတွက် ပြင်းထန်သောပြစ်ဒဏ်များချမှတ်နိုင်သည့် လုံခြုံရေးဥပဒေတစ်ရပ်အားပြဌာန်းခဲ့ပြီး ၎င်းဥပဒေအား ပုဒ်မ ၂၃ ဟုလည်းလူသိများသည်။

RFA သတင်းဌာန၏ စီအီးအိုကမူ အဆိုပါဥပဒေကြောင့် ဟောင်ကောင်၌တာဝန်ထမ်းဆောင်လိုသည့် ဝန်ထမ်းမရှိတော့သလို RFA ဝန်ထမ်းများနှင့်သတင်းထောက်များ၏ လုံခြုံရေးအားငဲ့ညှာသောအားဖြင့် ဌာနခွဲအား ယခုလိုပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဟောင်ကောင်လုံခြုံရေးအကြီးအကဲ Chris Tang ကမူ ပုဒ်မ ၂၃ အား ဝေဖန်ခဲ့သည့် RFA သတင်းဌာနအပေါ် ပြစ်တင်ရှုံ့ချခဲ့သလို အချို့သောပြစ်မှုအသစ်များသည် မီဒီယာများကိုပစ်မှတ်ထားလုပ်ဆောင်မည်ဟုလည်းပြောကြားခဲ့သည်။

RFA သည် ၎င်း၏ဟောင်ကောင်ရုံးခွဲအား ၁၉၉၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သလို ပုဒ်မ ၂၃ ကြောင့် တရားဝင်ပိတ်သိမ်းကြောင်းကြေငြာသည့် မီဒီယာများတွင်လည်း ပထမဦးဆုံး ပိတ်သိမ်းသည့်မီဒီယာတစ်ခုလည်းဖြစ်သည်ဟုဆိုသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here