“လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” ဓာတ်ပုံပြပွဲကို ရွှေတိဂုံစေတီတော်တွင် တစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည်

0
100

မတ်လ(၂၉)ရက်မှ ဧပြီလ(၄)ရက်အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် (၅) နာရီမှ ည (၉) နာရီအထိ “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” ဓာတ်ပုံပြပွဲကိုဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှုကြည်ညိုပူဇော်နိုင်ရန်အတွက် ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၉)ရက်၊ နံနက် (၇)နာရီခွဲက စေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးရာဝန်ကြီး ဦးဌေး‌အောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

အခမ်းအနားတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးက ဓာတ်ပုံပြပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးနှင့် ဓာတ်ပုံပြပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဌေးလှိုင်တို့က ဓါတ်ပုံပြပွဲ အခမ်းအနားကို ရွှေကြိုးဖြတ် ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here