ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးတို့ကို ကိုင်တွယ်ဖြေရှင်းရန် အရှေ့တောင် အာရှနိုင်ငံများ စည်းလုံးကြရမည်

0
128

အရှေ့တောင် အာရှတွင် နှစ်စဉ် တောမီးလောင်မှု ရာသီ စတင်ပါကလေထု အရည်အသွေးဆိုးရွားလာပြီး အများပြည်သူ ကျန်းမာရေး အပေါ် အဆိုး သက်ရောက်မှုများ သိသာထင်ရှားစွာ အချက်ပြနေပြီဖြစ်သည်။

လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော နိုင်ငံများတွင် စိုက်ပျိုး မြေယာရှင်းလင်းရေးအတွက်တောင်ယာမီးရှို့သည့်ထုံးတမ်းဓလေ့သည် တော မီးလောင်မှုများကိုမထိမ်းချုပ်နိုင်ပေ။

အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် လာအိုနှင့် ထိုင်းနယ်စပ်ရှိ ခရိုင်များမှ အစိုးရတာဝန်ရှိသူများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၂၇ ရက်က စည်းဝေးကာ ပူးပေါင်းဖြေရှင်းနည်းဗျူဟာများ ချမှတ်ခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ လာအိုပြည်နယ်များဖြစ်သော ယာဘူလီနှင့် Bokeo တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လယ်သမားများတောင်ယာမီးရှို့ပြီး ဖြစ်ပေါ်သည့် တောမီးလောင်ကျွမ်းမှုအား တားဆီးနှိမ်နင်းရန် ဥပဒေပြဋ္ဌာန်းသွားမည်ဟု အဆိုပါအစည်းဝေးတွင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြည်သူများထံသို့ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ လေထုညစ်ညမ်းမှု၏ မူလဇစ်မြစ်နှင့် နောက်ဆက်တွဲရိုက်ခတ်မှုများအကြောင်း အသိပညာပေးခြင်းနှင့် လယ်ယာရှင်းလင်းရေးအတွက် တောင်ယာ မီးရှို့ခြင်းအလေ့အကျင့်များကို ရပ်တန့်ရန် ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဟုဆိုသည်။

ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့်လည်း တောမီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြေမှာများနေပြီး လေထုညစ်ညမ်းမှု ပြဿနာကိုထိန်းကျောင်းရ ပိုမိုခက်စေသည်။

ယခုပြသနာများကြောင့် ထိုင်းအစိုးရသည် လာမည့်နှစ်တွင် တောမီး မထိန်းချုပ်နိုင်သော အိမ်နီးချင်းနိုင်ငံများမှ ပြောင်းကိုမှာယူတင်သွင်းမှုတားမြစ်ရန် စဉ်းစားနေသည်။ထို တားမြစ်ချက်သည် တောင်ယာ မီးရှို့သည့် အလေ့အထကို တားဆီးရန် ရည်ရွယ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ် ၁၀ ခုတွင် တောမီးလောင်ကျွမ်းသည့် ခန့်မှန်းခြေ မြေဧရိယာ ရိုင် ၁ သန်းခန့် သည် တောင်ယာမီးရှို့ရှင်းလင်းရာမှဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

နှစ်စဉ်မီးလောင်ရာသီ ၏ဆိုးကျိုးများကို လျော့ပါးသက်သာစေရန်၊ အရှေ့တောင်အာရှတစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ပြည်သူ့ကျန်းမာရေးကို အကာအကွယ်ပေးရန်အတွက် စုပေါင်းကြိုးပမ်းမှုများ လုပ်ဆောင်မှုမြှင့်တင်ရမည်ဖြစ်သည်။

Ref:laotiantimes.com


LEAVE A REPLY

Please enter your comment!
Please enter your name here