MFF၏ ၂၀၂၄-၂၀၂၈ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် (၁၉)ဦးဖြင့် ရွေးချယ်ဖွဲ့စည်း

0
113

မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်၏ ၂၀၂၄- ၂၀၂၈ ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ်ရွေးချယ်ပွဲကို ယနေ့ မတ်လ (၃၀) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အလုပ်အမှုဆောင်အသစ် (၁၉)ဦးအား ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

အလုပ်အမှုဆောင်အသစ်ရွေးချယ်ရာ၌ တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရွှေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးပြည့်ဖြိုးတေဇ၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်စောဦးတို့ရွေးချယ်ခံခဲ့ရသည်။

ထို့အတူ အထက်မြန်မာပြည် ကိုယ်စားလှယ် ဦးကျော်စွာထွန်း၊ အထက်မြန်မာပြည်ကိုယ်စားလှယ် ဦးလအောင်၊ အထက်မြန်မာပြည်ကိုယ် စားလှယ် ဦးစောငြိမ်း၊ အောက်မြန်မာပြည်ကိုယ်စားလှယ် ဒေါက်တာ ထက်ခိုင်ဝင်း၊ အောက်မြန်မာပြည် ကိုယ်စားလှယ် ဦးဝင်းကိုကို၊ အောက်မြန်မာပြည်ကိုယ် စားလှယ် ဦးသင်းမောင်စိုးတို့ ရွေးချယ်ခံခဲ့ရသည်။

ထို့အပြင် မြန်မာနေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ်(၁) ကိုယ် စားလှယ် ဦးလှကျော်ဝင်း၊ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် ဦးကျော်ဦးမြန်မာ နေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ် ဦးထောင်ထှာထန်း၊ နည်းပြကိုယ်စားလှယ် ဦးစိုးမြတ်မင်း၊ ကစားသမား ကိုယ်စားလှယ် ဦးသီဟစည်သူ၊ အမျိုးသမီးဘော လုံး ကိုယ်စားလှယ် ဒေါ်သိန်းသိန်းအေး၊ ဒိုင်ကိုယ်စားလှယ် ဦးလှတင့်
ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ် စားလှယ် ဦးဝင်းသော်စုစုပေါင်း(၁၉)ဦးတို့အားရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ MFF Elective Congress 2024 သို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အထူဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊၂၀၁၉- ၂၀၂၃ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ် အမှုဆောင်များ၊ ၂၀၂၄-၂၀၂၈ သက် တမ်းအတွက် ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်(၁)၊ မြန်မာနေရှင်လိဂ်(၂)၊ ဖူဆယ်လိဂ်နှင့် အမျိုးသမီးလိဂ်တို့မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-MFF


LEAVE A REPLY

Please enter your comment!
Please enter your name here