တရုတ်နိုင်ငံသားများကို အမေရိက သို့ခရီးသွားခြင်း နှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်

0
371

ပေကျင်း၊မတ် ၃၀

တရုတ်နိုင်ငံသည် အမေရိကသို့သွားရောက်မည့် ၎င်း၏နိုင်ငံသားများအား ခရီးသွားလာမှု နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထားသည်။ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်သွားရန်နှင့် မမျှော်လင့်ဘဲ ရှာဖွေစစ်ဆေးခံရခြင်းများကြုံရနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

တရုတ်နိုင်ငံမှ ကျောင်းသားများနှင့်ကုမ္ပဏီဝန်ထမ်းများသည် မကြာမီက အမေရိကန်လေဆိပ်တာဝန်ရှိသူများက မလိုအပ်သည့် စစ်ဆေးမေးမြန်းမှုများနှင့် ရှာေဖွမှုများ လုပ်ခဲ့သည်ဟု ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

၎င်းတို့၏ဖုန်းများ၊ကွန်ပျူတာများနှင့်အခြားခရီးဆောင်အိတ်ပစ္စည်းများကို အသေးစိတ်ရှာဖွေကာ လူအတော်များများကိုလည်း နိုင်ငံတွင်းဝင်ရောက်ခြင်းမှတားမြစ်ထားကြောင်းလည်းသိရသည်။

“တရုတ်သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေအနေနဲ့ တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်တဲ့ကိစ္စအဝဝအတွက် သက်ဆိုင်ရာကိုယ်စားလှယ်တွေကို ပေးပို့ခန့်အပ်ထားပြီးသားဖြစ်ပေ
မယ့်လက်ရှိအခြေအနေတွေအရ
အမေရိက ကို ခရီးသွားမဲ့တရုတ်ပြည်သူတွေအနေနဲ့ ဒီအချက်တွေကိုသိထား၊ပြင်ဆင်ထားဖို့လိုအပ်ပါတယ်” ဟုပြောကြားထားပြီး အကူအညီလိုအပ်ပါက သံရုံးနှင့်ကောင်စစ်ဝန်ရုံးအား ဆက်သွယ်ရန်ပြောကြားထားသည်။

နိုဝင်ဘာလမှစ၍ အမေရိကန်နိုင်ငံ Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုတည်းမှ တရုတ်ကျောင်းသားရှစ်ဦးထက်မနည်းကို ရှာဖွေ၊စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့ကြောင်း တရုတ်မီဒီယာများ၌ဖော်ပြသည့်စာရင်းများအရသိရသည်။

သို့သော်လည်း မကြာသေးမီလများကပင် နှစ်နိုင်ငံအကြား ပညာရေးနှင့်အခြားဖလှယ်မှုများကို ပြုလုပ်ရန်ကတိပြုခဲ့ကြသည်။ ပြီးခဲ့သည့်နိုဝင်ဘာက တရုတ်သမ္မတရှီ၏ ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်လူငယ် ၅၀,၀၀၀ အား ပညာရေးအတွက် တရုတ်ကဖိတ်ခေါ်ရန်ကြေငြာခဲ့သေးသည်။

ထို့အပြင် အမေရိကန်ဘက်မှလည်း ဟောင်ကောင်၏လုံခြုံရေးဥပဒေသစ်အပေါ် တုန့်ပြန်သည့်အနေဖြင့် ဟောင်ကောင်အရာရှိများအပေါ် ဗီဇာကန့်သတ်ချက်အသစ်များလည်းချမှတ်ပြုလုပ်ခဲ့သည်။

ဗီဇာကန့်သတ်ချက်အသစ်ပြုလုပ်မည်ဟုပြောကြားခဲ့သော်လည်း မည်သို့သောပုဂ္ဂိုလ်များအား အဓိကထားရည်ရွယ်သည်ကိုမူ ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပေ။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here