သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုရပ်နားမည်

0
133

သင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဧပြီလ (၁၆) ရက် အထိ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ မြို့ပတ်ရထား ခရီးစဉ်များကို ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားကို ခေါက်ရေ (၂၆) ခေါက်နှုန်းဖြင့် ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း ယခင်ထက်တိုးလာကြောင်း သိရသည်။

ယင်းအပြင် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် နယ်သို့ပြန်မည့်ခရီးသည်များအဆင်ပြေစေရန်အတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရထားလမ်းအဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ဆောင်ရွက်မှုပြီးစီးသွားပါက မြန်နှုန်းမြင့် ရထားများ အသုံးပြုကာ နေ့စဉ်ဦးရေ ၂၄၀၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here