စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအရ ကင်းလွတ်၊ယာယီရွှေ့ဆိုင်းများ

0
391

နယက အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်ထည်ဖော်မှုသည် လတ်တလောတွင် ပြည်သူလူထုအကြား စိုးရိမ်မှုအမြင့်မားဆုံး အခြေအနေဖြစ်သည်။

စက်မှုဇုံများတွင် အလုပ်သမားများအား အဖွဲ့စည်းအသီးသီးက စစ်မှုထမ်းခြင်းမှကင်းလွတ်ရေး ထောက်ခံချက်များပေးကာ သင်္ကြန်ပြန်အခက်ခဲမရှိစေရေးနှင့် တိုင်းပြည် GDP မကျဆင်းစေရေး တို့အတွက် လုပ်ဆောင်ပေးနေကြသည်။

လက်ရှိ ရပ်ကျေးနှင့် အောက်ခြေ ‌ဒေသအာဏာပိုင်များ၏ ဥပဒေကျော်လွန် လုပ်ဆောင်မှုများက ပြည်သူကို ပိုမိုထိတ်လန့်စေခြင်းဖြစ်သည်။

စစ်မှုထမ်းရန်အကြောင်းပြချက်ဖြင့် ချက်ချင်းခေါ်သွားခွင့်မရှိပါ။ ဆေးစစ်ခေါ်မည့်စာကို အသိသက်သေနှင့်လာရောက်အပ်နှံပြီး ဆေးစစ်ရက်ချိန်းဆိုပြီး ရလာဒ် များကို စောင့်ရဦးမည်ဖြစ်ပါသည်။အချို့မိသားစုဝင်များက ဟိုဖက်ရပ်ကွက်မှာ ချက်ချင်းခေါ်သွားတယ်ကြားတယ်ဆိုသည့် သတင်းများ(အမှား/အမှန် အတည်မပြုနိုင်)ကြောင့်ပိုမိုစိုးရိမ်နေကြခြင်းဖြစ်သည်။

စာရင်းကောက်ယူခြင်း ၊ မဲနှိုက်ရွေးချယ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများစသည့်စီမံခန့်ခွဲမူအလွဲများကြောင့်လည်း ဝေဖန်မှုများ မြင့်တက်လျက်ရှိနေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ရှင်းလင်းပြောကြားချက်များအရ အကျုံးဝင် လူငယ်များအနေဖြင့် စစ်မှုထမ်းခွင့်မှ ကင်းလွတ်ခွင့် ၊ ရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်မည့်အခြေအနေများပါဝင်သည်ကိုလည်း တွေ့ရသည်။

ထို့သို့ ဥပဒေပါ ပြဌာန်းချက်များအရ ကင်းလွတ်ခွင့်ရသူ ၊ ယာယီရွှေဆိုင်းခွင့်ရသူနှင့် စစ်မှုထမ်းသက် လျော့ပေါ့ခြင်းခံရမည့်သူများ၏ အခြေအနေနှင့် ဥပဒေ လုပ်ငန်းစဉ်များကို အများပြည်သူ သိသာထင်ရှားစေနိုင်ရန် ပြန်လည်မျှဝေပေး လိုက်ရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here