(၆၁) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ် ၅၅၂၂ သန်းကျော်ရရှိခဲ့

0
228

ဧပြီ (၁) ရက်တွင် ဖွင့်လှစ်မည့် အကြိမ် (၆၁) ကြိမ် မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၅၅၂၂ သန်းကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။

မတ်လအတွက် ဧပြီတွင်ဖွင့်လှစ်မည့် (၆၁)ကြိမ်မြောက် အောင်ဘာလေထီရောင်းရငွေသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ အောင်ဘာလေထီရောင်းရငွေထက် ကျပ် ၆၁၃ သန်းကျော် တိုးလာကြောင်း သိရသည်။

အဆိုပါ ထီရောင်းရငွေထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၈၆၅ သန်းကျော်နှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် အကြိမ် ၆၁ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ နှစ်ဆု၊ ကျပ်သိန်းတစ်ရာ ငါးဆု၊ ကျပ်သိန်းငါးဆယ် ရှစ်ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၂ ဆု၊ ကျပ်ဆယ်သိန်း ၁၃ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေ ဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here