အိုကလာဟိုးမား၌ သင်္ဘောတစ်စီးကတံတားတစ်ခုအားထပ်မံဝင်တိုက်

0
170

အမေရိကန်ပြည်ထောင်စုနိုင်ငံ အိုကလာဟိုးမားပြည်နယ်၌ အာကန်ဆော မြစ်ပေါ်ရှိ တံတားတစ်ခုအား ဝင်တိုက်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် တာဝန်ရှိသူများသည် အခင်းဖြစ်ပွားပြီးနောက် အမေရိကတောင်ပိုင်းရှိအမှတ် ၅၉ အဝေးပြေးလမ်းမကြီးအား ပိတ်ခဲ့ပြီး အဆိုပါနေရာမှ ယာဉ်လမ်းကြောင်းပြောင်းပေးခဲ့ရကြောင်း ပြည်နယ်လှည့်ကင်းအဖွဲ့ကပြောကြားခဲ့သည်။

စစ်ဆေးမှုများမပြီးဆုံးမီအထိ အဆိုပါအနီးနားတစ်ဝိုက်အား ပိတ်ထားဦးမည်ဖြစ်သည်ဟုလည်းသိရသည်။မည်သည့်ချို့ယွင်းမှုကြောင့် ယခုမတော်တဆမှုဖြစ်သည်ကိုအတိအကျမသိရသေးသကဲ့သို့ လူထိခိုက်မှုရှိမရှိလည်းမသိရသေးကြောင်းပြောကြားခဲ့သည်။

ယခုမတော်တဆမှုသည် ဘော်လ်တီမိုးတံတားပြိုကျမှုဖြစ်စဉ်အပြီး ရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေချိန်၌ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ဝမ်းနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here