ကချင်ယူနိုက်တက်အသင်းကို ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

0
201

ယမန်နေ့ မတ်လ(၃၁)ရက် ညနေပိုင်းက
ခတ္တရပ်နားထားရာမှ ပြန်လည်ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအား ကချင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၊ ရှမ်းယူနိုက်တက်အသင်းက ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းက ပွဲချိန် ပထမပိုင်းအချိန်၌ အဖွင့်ဂိုး (၃)ဂိုးသွင်းယူခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အပြီးတွင် နောက်ထပ်(၂)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသင်းနှစ်သင်းသည် စုဖွဲ့မှုအားကောင်းသည့် အသင်းများဖြစ်ကြပြီး၊ ယခုနှစ် MNL Cup ပွဲစဉ် တစ်လျှောက် နှစ်ပွဲစီကစားထားကာပြိုင်ဘက်အသင်းများကို အနိုင်ရရှိထားသော အသင်းများလည်းဖြစ်သည်။

MNL Cup-2024 ပွဲစဉ်များကို ပြီးခဲ့သောမတ်လ (၅)ရက်နေ့မှစတင်၍ ခတ္တနားထားရာမှ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲဦးထွက်အဖြင့် ၎င်းတို့အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက မြန်မာလက်ရွေးစင်အသင်းနှင့် ဆီးရီးယားတို့ ယှဉ်ပြိုင်ကစားမှုအတွက် ရှမ်းယူနိုက်တက်အသင်း၏ ကစားသမားအချို့ မှာလက်ရွေးစင်မြန်မာအသင်းထံသွားရောက်ပူးပေါင်းကစားရန် စေလွှတ်ခံခဲ့ရသည်။

ကချင်ယူနိုက်တက်အသင်းအနေဖြင့်
လည်း ယခု MNL League Cup 2024 ပွဲ
စဥ်များအတွင်း ဂိုးအများဆုံးသွင်းယူထားနိုင်သည့်အသင်းတွင် ပါဝင်ထားပြီး၊ တိုက်စစ်မှူး လန်းဆန်းအောင်က အသင်းအတွက် သွင်းဂိုး (၃)ဂိုး ဖန်တီးပေးထားသည်။

ဓာတ်ပုံ-Shan Untied


LEAVE A REPLY

Please enter your comment!
Please enter your name here