တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေး စင်တာဖွင့်လှစ်

0
142

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ Pilot Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့)ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုန်သွယ်ရေးစင်တာကို မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာန၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ ၏ ကြီးကြပ်မှု၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ပြည်သူ့အစိုးရ၊ ကွမ်တုရပ်ကွက်ပြည်သူ့အစိုးရ၊ China (Yunnan) Pilot Free Trade Zone International Trade Enterprise Clu ster Park တို့၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့)သည် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aos idi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု တိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထား၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန် မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရှေးရှုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) (Myanmar Trade Center, Kunming) ဖွင့်လှစ်ပွဲသို့ ကူမင်းမြို့၊ မြန် မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဦးလျန်ရှန်းမုန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန် ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန်ပြည်နယ် ကူမင်းမြို့ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရမှ ညွှန်ကြားရေးမှူး၊ မြန် မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်လုပ် ငန်းရှင်များ၊ တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here