စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၅၂၅၀ ကျပ်ဖြင့် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေ

0
101

ယခုတစ်ပါတ်အတွက် သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီ ရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၂၅၀ ကျပ်သတ်မှတ်ထားပြီး သုံးပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဧပြီလ (၁) ရက်မှ ဧပြီလ (၇) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအဖြစ် ရည်ညွှန်း သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်မှာ နှစ်စဉ် ၁ သန်းခန့်ရှိပြီး တန်ချိန် ၆ သိန်းမှ ၇ သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလျက်ရှိကာ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံး စွဲနေရကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here