ရန်ကုန်ရှိဟိုတယ်လုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံမူအမေရိကန်ဒေါ်လာ ၄သန်းခွဲကျော်ထပ်မံဝင်

0
219

ရန်ကုန်တိုင်း ဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင် (၄) ခု၊ ဟိုတယ်တည်ဆောက်ခွင့် (၁) ခု၊ စုစုပေါင်းအခန်း (၄၅၂) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း (၂၀၇၄၂ ၅ ဒဿမ ၃၉) နှင့် အမေရိကန်ဒေါ်လာ (၄ ဒဿမ ၆၃၀) သ န်းဖြစ်ကြောင်း သိရသည်။

မတ်လ (၂၉) ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြ ည်ပ) (၆၄) ခု၊ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည် ပ) (၄၂) ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၂၁) ခုနှင့် ပြည် တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ် ပြုလက်မှတ် (၂၂) ခုတို့အား အတည်ပြုပေးခဲ့ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်းမှ (၁၃၉)ဦး၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ (၂၉၈) ဦး စုစုပေါ င်း (၄၃၇) ဦးအတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအ နေဖြင့် ပြီးခဲ့သည့် (၂/၂၀၂၃) အစည်းအဝေးတွင် ဘဏ်လုပ်ငန်းလိုင်စင် (၆)ခု၊ ဟိုတယ်တည်ဆောက်ခွင့် (၁) ခု ၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် (၂) ခု၊ တည်းခိုရိပ်သာ တည် ဆောက်ခွင့် (၁) ခု စုစု ပေါင်းအခန်း (၄၇၄) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာ နိုင်ငံ ရင်းနှီးမြုပ်နှံမှုဖြစ်သော ဟိုတ ယ်လုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း (၂၃ ၁,၁၁၀) ဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင် အခွင့်အလမ်းပေါင်း (၁၈၉) ဦးသာ ခွင့်ပြုပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here