တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကြီးမှူးသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်နှင့် မီဒီယာဆွေးနွေးပွဲ ကျင်းပ

0
98

Mr. Liu Wei ကတရုတ်လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းများမှာ မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံ၏ ခရီးသွား လည်ပတ်နိုင်သည့် နေရာများသည် လုံခြုံမှုရှိကြောင်းပြောကြား

“2024 Myanmar Business and Investment Forum & CETC Think Tank News Media Seminar” ကို မတ်လ (၃၁) ရက်တွင် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ ကြီးမှူး၍ CETC အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ CETC ၊ နာယက Mr. Xu Liang qing၊ CETC ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် Yu Yanzh ong တို့အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း မိတ်ဆွေနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက အခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ များစွာရှိပြီး ရင်းနှီးမြှုပ်နှံသူများ အကျိုးဖြစ်ထွန်းစေမည့် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးထားသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်လည်း သံအမတ်ကြီးမှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာသံရုံး၊ ပေကျင်းမြို့၊ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ မြန်မာနိုင်ငံတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံနိုင်သည့်ကဏ္ဍများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေ လွယ်ကူစေရေး စီစဉ်ထားရှိမှု အခြေအနေ၊ e-commerce platform တို့ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မေးမြန်းသည့် မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ခရီးသွားလာမှု မြှင့်တင်ရေးအဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mr. Liu Wei မှ တရုတ်လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းများမှာ မှန်ကန်မှု မရှိကြောင်း၊၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် မြန်မာ့လူမျိုးတို့၏ဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုများမှာချစ်စရာကောင်းကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လည်ပတ်နိုင်သည့် နေရာများသည် လုံခြုံမှုရှိကြောင်း အပါအဝင် မြန်မာနိုင်ငံတွင် လည်ပတ်ရန် ဆွဲဆောင်မှုကောင်းသည့်နေရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

CETC ၏ နာယက Mr. Xu Liangqing၊ CETC ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် Yu Yanzhong တို့မှလည်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး ကြွရောက်လာသည့် ဧည့်သည်တော်များအား အစားအစာများနှင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here