တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ MSME စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးမည်

0
165

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။

ယင်းချေးငွေ ထုတ်ချေးရာတွင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ထုတ်လုပ်သော လုပ်ငန်းများ၊ သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန် တီးပေးနိုင်သည့် လုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ် ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများကို ဦးစားပေးထုတ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် MSME ချေးငွေ စည်းကမ်းသတ်မှတ်ချက်များမှာ စ က်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာနက ထုတ်ပေးသော SME Member Card (သို့မဟုတ်) ယာယီမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဌာန၊ အ ဖွဲ့အစည်းများ၏ သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြသနိုင်သူ၊ ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (The Myanmar Companies Law) အရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီ၊  ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံ သော စီးပွားရေးအခြေအနေ၊ ချေးငွေကိုမရယူမီ မြန်မာ့စီး ပွားရေးဘဏ်အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် ချေးငွေရယူထားပါက ချေးငွေပြေကြေပြီးသူ၊ ချေးငွေအတွက် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ လုံလောက်သောအာမခံပေး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွ င် ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထောက်ခံချက်များကို တင်ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချ က်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်သည်။

အဆိုပါ ရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သည်။

ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များအနေ ဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်/ ကို ယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အ သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတဆင့် ချေးငွေများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

ချေးငွေလျှောက်ထားသူ MSME လုပ်ငန်းရှင်များအား မြန်မာ့စီးပွားရေးဘဏ်မှ စတင်ထုတ်ချေးမည်ဖြစ်ပြီး နောင်တွင် အခြားပုဂ္ဂလိက ဘဏ်များကပါ ပါဝင်ထုတ်ချေးနိုင်ရန် ဆ က်လက်ဆောင်ရွက်မည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here