သင်္ကြန်ကာလ ရန်ကုန် – မန္တလေးနှင့် ရန်ကုန် – မော်လမြိုင် ရထားများ ပြေးဆွဲပေးမည်

0
161

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန် – မန္တလေးနှင့် ရန်ကုန် – မော်လမြိုင် ရထားများကို နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထား သည်။

အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန်၊ ရန်ကုန် – မန္တလေး – ရန်ကုန် အမြန်ရထားနှင့် အမှတ် (၈၁) အဆန်၊ အမှတ် (၈၂) အစုန် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ရထားများကို သင်္ကြန်ကာလအတွင်း နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် ရန်ကုန် – မန္တ လေး – ရန်ကုန် စာပို့ရထားကိုလည်း သင်္ကြန်ကာလအတွင်း ပုံမှန်အတိုင်း ရက်ခြားပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရပ်နားထားမည့် ရထားခရီးစဉ်များမှာ ရန်ကုန် – ပဲခူး – ရန်ကုန် ရထားခရီးစဥ်၊ ရန်ကုန် – ပြည် – ရန်ကုန်ရထား၊ ရန်ကုန် – ပုဂံ – ရန်ကုန် ရထားခရီးစဥ်၊ ရန်ကုန် – မန္တ လေး – ရန်ကုန် လေအိတ်အထူးအမြန်ရထားနှင့် ရန်ကုန်မြို့ ပတ်ရထား ခရီးစဉ်များအားလုံးကို ရပ်နားထားမည်ဖြစ်သ ည်။

ယင်းကဲ့သို့ ရပ်နားထားသည့် ရထားခရီးစဉ်များကို  နှစ်ဆ န်းတစ်ရက်နေ့မှစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမည်ဖြ စ်ကြောင်းလည်း မြန်မာ့မီးရထားမှ အသိပေးထားသည်။

သင်္ကြန်ကာလများတွင် ရပ်နားမည့် ရထားခရီးစဉ်များ နှင့်ပြေးဆွဲ​နေမည့် ရထားခရီးစဉ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here