အနိမ့်ပျံ ဝန်တင်ဒရုံး တရုတ်တွင် စမ်းသပ်ပြေးဆွဲ

0
120

အမြင့်ပေ အနိမ့်တွင်သာ ပျံသန်းမည့် သယ်ယူပို့ဆောင်ရေး ဝန်တင် ဒရုံးကို တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်အတွင်းတွင် ယမန်နေ့က စမ်းသပ်ပြေးဆွဲ ပျံသန်းခဲ့သည်။

ယင်းဒရုန်းသည် တရုတ်နိုင်ငံ ရှန်းကျန် နှင့် ကျူးဟိုင် မြို့တို့တွင် ကုန်စည် အမြန်သယ်ယူပို့ဆောင်ရေး ပြုလုပ်ရန်အတွက် ရယ်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ အမြန်ဆုံးနှုန်း တစ်နာရီလျှင် ၆၅ ကီလိုမီတာအထိ ပျံသန်းနိုင်ကာ၊ အလေးချိန် အများဆုံး ကီလို ၂၀ အထိ သယ်ဆောင်နိုင်သည်။ ပစ္စည်းများကို မိနစ် ၄၀ အတွင်း မြို့တွင်းအရောက် သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယမန်နှစ် နှစ်ကုန်ပိုင်းအထိ သိရသော စာရင်းများအရ တရားဝင် မှတ်ပုံတင်ပြီးသော ဒရုန်း အစင်းရေ ၁.၂၆ သန်းရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အရေအတွက်သည် ၂၀၂၂ ကာလတူအချိန်ကထက် ၃၂.၂ ရာခိုင်နှုန်း ပိုမိုလာခြင်းဖြစ်သည်။ ထို့အပြင် ဒရုန်းများ၏ စုစုပေါင်း ပျံသန်းချိန်မှာလည်း နာရီပေါင်း ၂၃.၁၁ သန်းရှိခဲ့ပြီး ယခင်နှစ် ကာလတူကထက် နာရီပေါင်း ၁၁.၈ သန်းတိုးလာခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရပ်ဖက်လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here