Tuesday, January 21, 2025

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ...

သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။ "သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်" ဟု ကမ္ဘာပေါ်ရှိ...

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တပ်ဆင်ပြီးဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Halcyon, Radixact & Vital Beam) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့တွင်...

ဇန်နဝါရီ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီနှင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်သာ အအေးပိုနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန် အထက်နှင့် ပျမ်းမျှအပူချိန်ခန့်ရှိနိုင်ကြောင်း...

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂...

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌...
HomeNewsLocal News‌တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ ဒုချုပ်သွားရောက်ကာသင်တန်းသားများနှင့်တွေ့ဆုံ

‌တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ ဒုချုပ်သွားရောက်ကာသင်တန်းသားများနှင့်တွေ့ဆုံ

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဧပြီလ (၂) ရက် နံနက်ပိုင်းက ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအားတပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ရှိ အောင်ဆန်းခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ၎င်းက ၂၀၀၁ မတိုင်မီနှင့် ယနေ့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေး အခြေအနေများ၊ ကမ္ဘာနှင့်အဝန်း နိုင်ငံရေး၊ စီးပွားရေး၊စစ်ရေး ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်မတော်သားအားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား တိုးမြှင့်ရန် လိုအပ်မှု အခြေအနေများနှင့် တိုက်ပွဲစွမ်းရည် တိုးတက်မှုရှိစေရေး ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင်တွင် လိုက်နာအကောင် အထည်ဖော်ရန် လိုအပ်မှုအခြေအနေများနှင့် ရန်သူကျင့်သုံးနေသည့် စစ်နည်းဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍လည်း မှာကြားခဲ့ကြောင်းသိရသည်။

မိမိဆန္ဒ အလျှောက် တပ်မတော်သို့ ဝင်ရောက်လာသူများဖြစ်ကြသူများပီပီ မိမိသည် မည်သည့်အတွက် တပ်မတော်သို့ ဝင်ရောက်လာခဲ့သည်ကို အမြဲမပျက်ဆင်ခြင်ရန်နှင့် တရားသဖြင့် ပေးအပ်သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်မှုအခြေအနေများကိုလည်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့နှင့် ပတ်သက်၍ အာဏာတည်သက်ဝင်စေမှု အခြေအနေနှင့် ပတ်သက်၍လည်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးတို့က သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြများအား လိုအပ်သည့်သင်ခန်းစာများကို ဆွေးနွေးကြရာ သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြအရာရှိများမှလည်း မရှင်းလင်းသည့် အချက်များနှင့်သိရှိလိုသည်များကို မေးမြန်းမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ ဝေဖန်ခံရ

သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။ "သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်" ဟု ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး၊ SpaceX ကုမ္ပဏီ၊ X လူမှုကွန်ရက် နှင့် Tesla ကားကုမ္ပဏီတို့၏ပိုင်ရှင်လည်းဖြစ်ကာ၊ ထရမ့်မဲဆွယ်ကာလ အဓိကအလှူရှင်နှင့် လက်ရှိတွင်လည်း ထရမ့်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ် ဝါရှင်တန်ရှိ Capital One Arena တွင် ပြောကြားခဲ့သည်။ ထို့သို့ပြောကြားပြီးနောက် မတ်စ်သည် ၎င်း၏ သူ၏ညာလက်ဖဝါးကို ဘက်ဖက်ရင်ဘတ်သို့ ထိရိုက်လိုက်ကာ လက်ချောင်းများဆန့်လျှက် ညာလက်မောင်းကို...

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တပ်ဆင်ပြီးဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Halcyon, Radixact & Vital Beam) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နစက၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့‌ရာမှ ကူးစက်ရောဂါများသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေး၊ ကုသရေးကိုပါ အားဖြည့်ဆောင်ရွက်လျက် ရှိပြီး ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကိုပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါ ကုသဌာနသည် လူနာများ...

ဇန်နဝါရီ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီနှင့် ရခိုင်တို့တွင်သာ အအေးပိုနိုင်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်သာ အအေးပိုနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန် အထက်နှင့် ပျမ်းမျှအပူချိန်ခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇန်နဝါရီ (၂၁)ရက် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။ ညအပူချိန်များတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071