သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့်ကို ဧပြီလ (၃၀) ရက် နောက်ဆုံးထား လျှောက်ထားရမည်

0
199

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့်အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့်အတွက်ဧပြီလ (၃၀) ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်ကြောင်း တိုင်း‌ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး ဦးခင်ဇော်ကပြောကြားထားသည်။

အဆိုပါအိမ်ရာတွင် နေထိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ်လ (၂၅) ရက်မှ စတင်ရောင်းချပေးနေပြီး ဧပြီလ (၃၀) ရက်အထိ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့်အတွက် တို က်ခန်း ၅၀၀ နီးပါးကိုငှါးရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ပြီး မဲနှို က်ရွေးချယ်ရာတွင်လည်း ပထမအသုတ်တွင် မဲမပေါက်သ ည့်သူများနှင့် လျှောက်လွှာအသစ်တင်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

” အဲဒီမှာမှ ပြန်စီစစ်ပြီး ခွင့်ပြုမှာပေါ့။ အမှန်တကယ်နေထိုင်လိုသူတွေပဲ လျှောက်စေချင်တယ်။ အရှေ့မှာတုန်းက အခန်းရထားပြီးတော့ လူမနေဘူး။ ပြန်ငှားတာတွေရှိတယ်။ အခုပြန်စီစစ်နေတယ်။ အမှန်တကယ်နေထိုင်ခြင်းမရှိဘူးဆိုရင် အခန်းပြန်သိမ်းပါမယ်”ဟု အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအ ခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ် မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေ ညာထားပြီးဖြစ်သည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့်ရရှိသူများအတွက် အိမ်လခစပေါ်ငွေလက်ခံခြင်းနှင့် စာ ချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ (၃၀) ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ (၁) ရက်တွင် အိမ်ခန်းပေါင်း (၄၅၀)ကို သော့ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့ အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှား ရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတု တ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကြေညာထားချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here