တညင်းကုန်း လက်ကားဈေးကြီး မှဆိုင်ခန်း ၄၀၀​ကျော် ယခုပထမပတ်တွင် ဖွင့်လှစ်မည်

0
125

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးမှ ဆိုင်ခန်းပေါင်း (၄၀၈)ခန်းကို ယခုလ ပထမပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တညင်းကုန်းလက်ကားဈေးလုပ်ငန်းရေးရာဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးရဲထွန်း၏ ပြောကြားချက်အရ သိရသည်။

ကုန်ခြောက်၊ ဆန်၊ဆီ အစရှိသည့် ကုန်ခြောက် (၇) မျိုး ရောင်းချမည့် ဈေးရုံအမှတ် (၅)ကို ဖွင့်လှစ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။

MAEX အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အဓိက လုပ်ငန်းသည် လယ်ယာ ထွက်ကုန်လက်ကားစျေးကွက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ရန်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ တညင်းကုန်း လက်ကားဈေးကြီးကို တည်ဆောက်ကာ ဖွင့်လှစ်ရောင်းချနေခြင်းဖြစ် သည်။

တညင်းကုန်းလက်ကားဈေးကြီးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (ဈေးများဌာန) နှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်း၍ မြေအကျယ် ဧက ၈၀ ကျော်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here