ရန်ကုန်သင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍ ပ် (၁၇၆) ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် ကျင်းပမည်

0
138

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗ ဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသ င်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရခြင်းဖြစ်သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ပြည်သူ့ရင်ပြင်၌အများ ပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁၀) ခု၊ လမ်း လျှောက်သင်္ကြန် (၁)ခု၊ဖျော်ဖြေရေးမဏ္ဍပ် (၁)ခုနှင့် မြို့တော် ခန်းမတွင် ရန်ကုန် မြို့တော် မဟာသင်္ကြန်မဏ္ဍပ် နှင့် လမ်း လျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ကျွေးမွေးမည့် အစီအစဉ်များပါဝင်ကြောင်း၊ မြို့တော်ခန်းမ ရှေ့မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်း အဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ် ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့် ကျ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ – ၂၀၂၃ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here