စင်္ကာပူ၌ ဆင်းမ်ကတ်အလွဲသုံးစားလုပ်မှုကို အရေးယူမည့် ဥပဒေသစ်ကို အတည်ပြု

0
171

စင်္ကာပူ၊ဧပြီ ၂

လိမ်လည်မှုများတွင် ပြည်တွင်းဆင်းမ်ကတ်များအား အလွဲသုံးစားလုပ်သည့် အုပ်စုသုံးစုကို ဦးတည် ပစ်မှတ်ထားသည့် ဥပဒေအသစ်တစ်ရပ်အား လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါဥပဒေ၌ဖော်ပြထားသော အုပ်စုသုံးမျိုးတွင် လိမ်လည်သူများထံရောင်းချမည့် ဆင်းမ်ကတ်များအားမှတ်ပုံတင်​ပေးရန် အခြားသူအချက်လက်များ ခိုးယူ၍​သော်လည်း​ကောင်း၊အထောက်အထားအမှားများကိုအသုံးပြု၍ သော်လည်းကောင်း ပြုလုပ်ပေးသည့်လူများပါဝင်သည်။

သို့သော် မိမိတို့၏မိသားစုဝင်များအတွက် (စင်္ကာပူတွင် ID နံပါတ်တစ်ခုလျှင် ဖုန်းကဒ် ၃ကဒ်ထိဝယ်ယူနိုင်)၎င်းတို့၏အမည်ဖြင့်မှတ်ပုံတင်ထားပေးသူများအား အပြစ်ပေးမည်မဟုတ်သကဲ့သို့ ဆင်းမ်ကတ် ကို လက်လီရောင်းချသူအများစုအနေဖြင့်လည်း စိုးရိမ်စရာမလိုကြောင်း ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဝန်ကြီး မစ္စ Teo ကပြောကြားခဲ့သည်။

သို့သော် ယခုဥပဒေနှင့်ငြိစွန်းသည့်သူများအား  စင်္ကာပူဒေါ်လာ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၃၉၀) အထိ ဒဏ်ငွေသော်လည်းကောင်း ထောင်ဒဏ် ၃ နှစ်အထိသော်လည်းကောင်း၊ ပြစ်ဒဏ်နှစ်ရပ်လုံး ကို သော်လည်းကောင်း ချမှတ်နိုင်သည်ဟုဖော်ပြထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here