တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်က နိုင် ငံခြားရေးဝန်ကြီးထံ ၎င်း၏ ခန့်အပ်လွှာ ပေးအပ်

0
97

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ် ဝန်အဖြစ် ခန့်အပ်ခံရသူက ၎င်း၏ခန့်အပ်လွှာအား ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့အခြေစိုက် တောင်အာဖရိကနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဦးမြင့်ဌေးအား ဧပြီ(၃) ရက် နေ့လယ် (၃) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here