မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ AFC Club လိုင်စင် ဆောင်ရွက်မှုအခြေအနေများအား MNL FIB အဖွဲ့စစ် ဆေး

0
112

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ မပျက်မကွက်လုပ်ဆောင်ရသည့်  AFC Club လိုင်စင်ဆောင်ရွက်မှုအခြေအနေများအား ပဏာမစစ်ဆေးရေးဘုတ်အဖွဲ့  (First Instant Body – FIB) က လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ယမန်နေ့ ဧပြီ (၃)ရက်၌ မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းဖြစ်သည့် Dagon Port FC နှင့် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ် Glory Goal အသင်းများသို့ သွားရောက်၍ AFC Club Licensing Criteria များအား သတ်မှတ်အချိန်အတွင်း မှန်ကန်စွာဖြည့်ဆည်းဆောင်ရွက်မှု ရှိ-မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီ(၂)ရက်တွင်လည်း မြန်မာနေရှင်နယ်လိဂ် -၁ ကလပ်အသင်းများ ဖြစ်သည့် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက် အသင်းများသို့ သွားရောက်၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-MNL


LEAVE A REPLY

Please enter your comment!
Please enter your name here