ထိုင်ဝမ်ငလျင်လှုပ်ခတ်ပြီးနောက် တောင်တန်းများတွင် လူပေါင်း ၆၀၀ ကျော် ပိတ်မိနေဆဲဖြစ်

0
107

ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်ဝမ် အရှေ့ပိုင်း တောင်ထူထပ်သော Tianxiang ဒေသတွင် လူ ၆၁၁ ဦးထက်မနည်း ပိတ်မိနေ ကြောင်း အရေးပေါ် တုံ့ပြန်ရေး စင်တာမှ ပြောကြား ခဲ့သည်။

ထိုသူများမှာ တာရိုကို အမျိုးသားဥယျာဉ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ကြသူများဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ပြိုကျလာသော ကျောက်တုံး ကျောက်ဆောင်များ က လမ်းများကို ပိတ်ဆို့ကုန်သဖြင့် ဟိုတယ်တွင် တည်းခိုကြသူများသည် အမျိုးသားဥယျာဉ်နယ်နိမိတ်အတွင်းမှ ထွက်ခွာရန် မဖြစ်နိုင်တော့ပဲ ထိုသို့ ပိတ်မိကုန်ကြခြငးဖြစ်သည်။

၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်သည် ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ထိုင်ဝမ်၌ လှုပ်ခတ်ခဲ့သည်။ ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်သည် ဟွာလီယန်ကောင်တီတွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ် (ဧပြီ ၂ ရက် နံနက် ၁၁း၅၈ နာရီ ဂရင်းနစ်စံတော်ချိန်) တွင် ကျွန်းအနှံ့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဘူမိဗေဒပညာရှင်များ၏ အဆိုအရ ငလျင်ဗဟိုချက်သည် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း၊ Hualien မြို့၏အရှေ့တောင်ဘက် ၂၅ ကီလိုမီတာအကွာ မြေအောက် အနက် ၁၅.၅ ကီလိုမီတာတွင် ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Fujian နှင့် Jiangxi ပြည်နယ်များတွင်လည်း တုန်ခါမှုများ ခံစားခဲ့ရသည်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ၏ နောက်ဆုံး အချက်အလက်များ အရ ငလျင် ကြောင့် လူ ကိုးဦး သေဆုံးပြီး ၁၀၆၄ 4 ဦး ဒဏ်ရာ ရရှိခဲ့ကာ ၄၂ ဦး ပျောက်ဆုံး နေကြောင်း သိရသည်။ အခြားလူ ၆၄၂ ဦးသည် လက်လှမ်းမမီသော နေရာများတွင် အကူအညီကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here