မြန်မာနှင့် တရုတ်နိုင်ငံ အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍစုံတို့၌ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေး

0
211

ကိုဗစ် – ၁၉ ကပ်ရောဂါကာလအလွန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် မြန်မာကောင်စစ်ဝန်ချုပ်မှ ကွမ်ရှီးကျွမ့်ကို ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန် သွယ်ရေးမြှင့်တင်မှု ကောင်စီ၊ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ဧပြီ (၃)ရက်၊ နံနက် (၉)နာရီခွဲ အချိန်တွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီ-CCPIT (Guangxi Committee)၊ ဥက္ကဋ္ဌ Ms. Yang Yanyan ထံ ၎င်း၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မိမိအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်စေရန်အပြင် ကိုဗစ် -၁၉ ကပ်ရော ဂါကာလအလွန်၌ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မကြာမီ ကျင်းပမည့် (၂၁)ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပမည့် Chinese -ASEAN Business Investment Summit (CABIS) အခ မ်းအနားများနှင့် ပတ်သက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုများ အစွမ်းကုန်ပံ့ပိုးပေးသွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ်၏ ဆွေးနွေးပြောကြားချက်အပေါ် Ms. Yang Yanyan က ယခုနှစ်အတွင်း CABIS၊ Round-Table Dialogue between State Leaders of ASEAN Coun tries and CEOs from China၊ China-ASEAN Legal Forum စသည့် အစီအစဉ်များအပြင် ကုန်သွယ်မှုကဏ္ဍ၌ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ဖိုရမ်၊ စက်မှုကွင်းဆက်လုပ်ငန်းဆိုင်ရာဖိုရမ်များ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ပေးနိုင်ရေး ဆောင်ရွ က်ပေးစေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ်နှင့် CCPIT (Guangxi Committee) ဥက္ကဋ္ဌ တို့သည် မြန်မာနိုင်ငံမှ ဆန်ကွဲ၊ ဝါ၊ ချည်၊ တိုင်းရင်းဆေး၊ သစ်သီးဝလံ အစရှိသည့် ထွက်ကုန်များကို ကွမ်ရှီးဒေသသို့ တိုးမြှင့် တင်ပို့ရောင်းချနိုင်ရေး အ ခြေအနေနှင့် အလားအလာများအပေါ် အပြန်အလှန်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here