မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုနဲ့ ရင်ဆိုင်နေရ

0
241

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ မြစ်ချောင်းတွေအတွင်း ဧပြီလနဲ့ မေလမှာ ပင်လယ်ပြင်မှ ဆားငန်ရေတွေ နက်ရှိုင်းစွာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းကြောင်း ဗီယက်နမ် အမျိုးသား ရေနဲ့မိုးလေဝသခန့်မှန်းချက် ဗဟိုဋ္ဌာနက ပြောဆိုပါတယ်။

နိုင်ငံရဲ့ ဆန်၊ သစ်သီးဝလံနဲ့ ပင်လယ်စာတွေထွက်ရှိတဲ့ ​ဒေသရဲ့ ဗဟိုချက်ဟာ ခြောက်သွေ့ရာသီမှာ ယင်းကဲ့သို့ ရေငန်ဝင်ရောက်မှုမျိုးကို ကြုံရေလေ့ရှိပါတယ်။

ဧပြီ ၁ ရက်ကနေ ၁၀ ရက်အကြား ဆားငန် တစ်လီတာ လေးဂရမ်နှုန်းပါဝင်တဲ့ ရေငန်တွေဟာ ပင်လယ်ကနေ ၄၀ မှ ၆၅ ကီလိုမီတာခန့်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယင်းကာလအတွင်း မဲခေါင်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ ဟူမြစ်မှာ ဆားငန်ရေရောက်ရှိမှု ၄၀ ကနေ ၅၅ ကီလိုမီတာအတွင်း မြစ်ညာပိုင်းအထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

ယခုနှစ်ရဲ့ ဆားငန်ရေဝင်ရောက်မှုဟာ ၂၀၁၅-၁၆ နဲ့ ၂၀၁၉-၂၀ ခုနှစ်ခြောက်သွေ့ရာသီတွေတုန်းကလိုမျိုးတော့ မဟုတ်ပေမယ့် ပုံမှန်ထက် ပို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးလေဝသသတင်းအချက်အလက်တွေ ဆောလျင်စွာ ဖြန့်ဝေဖို့နဲ့ ရေငန်တားအစီအမံတွေ ကြိုတင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရေနဲ့ မိုးလေဝသခန့်မှန်းချက်ဗဟိုဋ္ဌာနရဲ့ အလယ်ပိုင်းကုန်ပြင်မြင့်နဲ့ တောင်ပိုင်းဒေသများဆိုင်ရာဋ္ဌာနခွဲ အကြီးအကဲ Phung Tien Dung က ပြောဆိုပါတယ်။ ၎င်းတို့အနေနဲ့ စိုက်ပျိုးရေးဆည်မြောင်းတွေနဲ့ အိမ်သုံးအတွက် ဒီရေကျချိန်အတွင်း မြစ်ချောင်းတွေမှ ရေ ရယူထားသင့်တယ်လို့ သူက အကြံပြုခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ခြောက်သွေ့ရာသီအစမှာ ပြည်နယ် ၁၂ ခုနဲ့ Can Tho မြို့တို့ပါဝင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ အာဏာပိုင်တွေဟာ စိုက်ပျိုးရေးနဲ့ အိမ်သုံးရေ လုံလောက်မှုရှိစေဖို့အတွက် အမျိုးမျိုးသော အစီအမံတွေ ုလုပ်ဆောင်ထားခဲ့ကြကြောင်း သိရပါတယ်။

Ref: Vietnam News


LEAVE A REPLY

Please enter your comment!
Please enter your name here