ထိုင်ဝမ်ငလျင်ကြောင့်ဒဏ်ရာရသူ ၁,၀၀၀ ကျော်လာ၊ဟိုတယ်ဝန်ထမ်းတဝက်ခန့် ပြန်တွေ့

0
148

တိုင်ပေ၊ဧပြီ ၄

ထိုင်ဝမ်အရှေ့ပိုင်း၌ ရစ်ခ်တာစကေး ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူဦးရေမှာ ဧပြီလ (၄)ရက်နေ့က (၁,၀၀၀) ကျော်အထိ များလာခဲ့ သော်လည်း  သေဆုံးသူဦးရေမှာ ကိုးဦးသာ ရှိသေးကြောင်းသိရသည်။

အမျိုးသားဥယျာဉ်ရှိ ဟိုတယ်တစ်ခုမှ ​ပျောက်ဆုံး​နေ​သော အလုပ်သမား ၅၀ ဦးခန့် အနက်မှ  ၂ ဒါဇင်ခန့်ကို ပြန်ရှာတွေ့ပြီဖြစ်ကြောင်းလည်းသိရသည်။အဆိုပါငလျင်သည် ထိုင်ဝမ်၌ ၂၅ နှစ်တာကာလအတွင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်ဝမ်မီးသတ်ဌာနကမူ ဒဏ်ရာရသူဦးရေ ၁,၀၃၈ ဦးအထိရောက်ရှိခဲ့ပြီး ပျောက်ဆုံးသူစုစုပေါင်း ၅၂ ဦးရှိသည်ဟုဆိုသည်။၎င်းတို့အနက် Taroko National Park ရှိ အပန်းဖြေစခန်းသို့အလုပ်သွားသည့် ဟိုတယ်ဝန်ထမ်း ၂၆ ဦး ခန့် မှာလည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

အာဏာပိုင်များသည် ကုန်းတွင်းပိုင်းရှိလူများကို ရှာဖွေရန် ဒရုန်းများနှင့်ရဟတ်ယာဉ်များကို အသုံးပြုနေပြီး ၎င်းတို့ကိုတွေ့ရှိပါက ရိက္ခာများချပေးမည်ဖြစ်ကာကြာသပတေးနေ့နံနက်ကမူ ရဟတ်ယာဉ်တစ်စင်း သည် မိုင်းတွင်းဧရိယာအတွင်း ပိတ်မိနေသူခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here