ဖျက်ဆီးခံရသည့် ဂါဇာဆေးရုံမှ လူနာများကို ဘေးကင်းရာမရွှေ့ပြောင်းက သေဆုံးနိုင်

0
140

ဂျီနီဗာ၊ဧပြီ ၃

ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံအား ဖျက်ဆီးလိုက်ခြင်းကြောင့် လူနာများအား ဘေး ကင်းရာသို့ရွှေ့ပြောင်းလုပ်နိုင်ရန် ပို၍ လိုအပ်လာ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဧပြီလ ၃ ရက်နေ့တွင်ပြောကြားခဲ့သည်။

အကယ်၍ အဆိုပါရွှေ့ပြောင်းမှုများကိုအ လျင်အမြန်မလုပ်ပါက သေဆုံးမှုပိုများလာနိုင်ကြောင်း WHOညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောကြားခဲ့သည်။

နှစ်ပတ်ကြာစစ်ဆင်ရေးအပြီး တနင်္လာနေ့တွင် ဂါဇာမြို့ရှိဆေးရုံမှထွက်ခွာသွားသော အစ္စရေးတပ်ဖွဲ့များသည် ရာနှင့်ချီသော ပါလက်စတိုင်းစစ်သွေးကြွဟု သံသယရှိသူများကိုဖမ်းဆီးကာ အဆောက် အအုံများကိုဖျက်ဆီးခဲ့သည်။

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုသူများလာ သော်လည်း ရွှေ့ပြောင်းမှုများကတော့နှေးကွေးနေ‌ကြောင်းလည်း WHO အကြီးအကဲကပြောကြားခဲ့သည်။

အယ်လ်ရှီဖာ၌ဝန်ဆောင်မှုများ မရရှိနိုင်ဘဲ ဘေးလွတ်ရာသို့မရွှေ့ပြောင်းနိုင်ခြင်းကြောင့် လူအများ အပြား သေဆုံးရလိမ့်မည်ဟုလည်းခန့်မှန်းထားကြသည်။

ဆေးရုံ၌အခြေစိုက်ထားသည့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများ ရာနှင့်ချီသေဆုံးခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့‌သော်လည်း ဟားမတ်စ်နှင့်အယ်ယ်ရှီဖာရှိဆေးဘက်ဆိုင်ရာဝန်ထမ်းများကမူ ဆေးရုံ၌တိုက်ခိုက်ရေးသမားများရှိနေသည်ဟူသောအချက်ကို ငြင်းဆိုထားသည်။

“ဘေးလွတ်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရပါမယ်၊မဟုတ်ရင် လူပေါင်းများစွာ အသက်ဆုံးရှုံးရပါလိမ့်မယ်” ဟုလည်း ကုလအကြီးအကဲကဆက်လက်ပြောကြားခဲ့သည်။

စစ်ပွဲမတိုင်မီက ဂါဇာကမ်းမြှောင်၏ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာသည် ကုတင် ၇၅၀ နှင့် ခွဲစိတ်ခန်းများစွာရှိသည့် ဂါဇာကမ်းမြောင်ဒေသ၏ အကြီးဆုံးဆေးရုံဖြစ်ပြီး ယခုနောက်ဆုံးစီးနင်းမှုမတိုင်မီကလည်း ဂါဇာမြောက်ပိုင်း၌ ကျန်းမာရေးစောင့်ရှောက်မှုအနည်းငယ်ထဲမှတစ်ခုလည်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here