“ဘီယာဗိုက်” တေးသီချင်း ရိုက်ကူးထုတ်လွှင့်မှုဖြင့် အဆို တော်မေသူနှင့် ဟာသသရုပ်ဆောင် အိုကေ အပါအဝင် ပတ်သက်သူများကို ဆက်သွယ်ရေး ဥပဒေဖြင့်အမှုဖွင့်

0
240

 “ဘီယာဗိုက်” တေးသီးချင်းတွင်  ထည့်သွင်းရိုက်ကူးထားမူအချို့သည်ယဥ်​ကျေးမူနှင့် မ​လျော်ညီသဖြင့်ထုတ်လွှင့်သူများအား အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားရာ အဆိုတော် မေသူ ၊ ဟာသသရုပ်ဆောင် အိုကေ တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တေးသီချင်းဗီဒီယိုသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့် ကျင်သည့်အတွက် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယခုအခါတွင် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများ သည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ် ကျေးမှုနှင့် ဆန့်ကျင်ကာ အရှက်သိက္ခာမဲ့ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာ အစည်းအရုံးများမှ ထိန်းကျောင်း ကြပ်မတ်ပေးရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၃) ရ က်တွင် သတိပေး ထားမြစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ဖြန့်ချိ၊ မျှဝေ ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မှော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကို ၂၀၂၄ မတ်လ (၁၃) ရက်တွင် အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ကာ စနစ်တ ကျ စီစစ်ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ အသိပေးထားသည်။

သို့ဖြစ်၍ တေးသီချင်း ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုဖြင့် ဆန့်ကျင်သည့် ပြောဆိုမှုများ ၊ ရိုက် ကူးထုတ်လွှင့်မှုများ မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here