မြန်မာနိုင်ငံသို့ စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲ အခမ်းအနားကျင်းပ

0
202

ဧပြီ (၄) ရက်တွင် ကျရောက်သည့် တရုတ်သင်္ချိုင်းကန်တော့ပွဲအခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် သံရုံးမှ အရာရှိများကို ဦးဆောင်ကာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မြန်မာနိုင်ငံသို့ စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ခဲ့သည်။ 

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်အဝေးရောက် မဟာမိတ်တပ်၏ မျိုးဆက်များ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံအခြေစိုက် တရုတ်မီဒီယာများနှင့်အတူ မြန်မာနိုင်ငံသို့စစ်ကူလာစဉ်ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွတ်ကန်တော့ ခဲ့ကြကြောင်း သိရသည်။ 

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် လွန်ခဲ့သည့် ၈၂ နှစ်တုန်းက တရုတ်အဝေးရောက်မဟာမိတ်တပ်ပေါင်းသိန်းချီက မြန်မာနိုင်ငံသို့လာရောက် တိုက်ပွဲဝင်ခဲ့ရာ သွေးသားနဲ့ အသက်များဖြင့် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှု ခုခံရေး စစ်ပွဲသမိုင်းတွင် မော်ကွန်းတင်ထိုက်သော စာမျက်နှာကို ရေးသားခဲ့ပြီး အာရှတိုက် ၊ ပစိဖိတ်သမုဒ္ဒရာစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ရေးအတွက် အကျိုးထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်အဝေးရောက် မဟာမိတ်တပ်များ၏ တိုင်းပြည်ချစ်စိတ်သည် အမြဲထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်သည်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် အာဇာနည်များ၏ အမွေကိုဆက်ခံကာ တိုင်း ပြည်ချစ်စိတ်ဓာတ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ် – မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ တရုတ်အမျိုးသားကြီးမြတ်သော ပြန်လည်နိုးထရေး ‌ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ထိုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းအ ဖွဲ့အစည်းများနှင့် ဒေသခံ တရုတ်နွယ်ဖွား အသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်များ တိုက်ပွဲဝင်ခဲ့သော ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ တရုတ်အ ဝေးရောက် မဟာမိတ်တပ်၏ အောက်မေ့ဖွယ်အထိမ်း အမှတ် အဆောက်အအုံတွင် ပန်းခြင်း၊ ပန်းခွေများချပြီး ကန်တော့ခဲ့ကြကြောင်းလည်း သိရသည်။

တောင်ငူမြို့မှာ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း တရုတ်အ ဝေးရောက် မဟာမိတ်တပ်က ဖက်စစ်ဂျပန်ကို တိုက်ပွဲဝင်ခုခံတိုက်ခိုက်သည့် သမိုင်းဝင်တည်နေရာဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here