သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း YBS ယာဉ်များ ယာဉ်စီးခ ပိုမိုတောင်းခံပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူမည်

0
248

ရန်ကုန်မြို့၌ ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် YBS ခ ရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်နှုန်းထားအတိုင်း သာ ပြေးဆွဲပေးရမည်ဖြစ်ပြီး ယာဉ်စီးခ ပိုမိုတောင်းခံပါက CNG ယာဉ်ဖြစ်ပါက CNG ပိတ်သိမ်းပြီး ဒီဇယ်ယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်ပိတ် သိမ်းအရေးယူမည်ဖြစ်ကြောင်း ရ န်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

ရန်ကုန်မြို့၌ ယခုနှစ် သင်္ကြန်ရုံးပိတ်ရက် ပြည်သူများသွား လာမှု အဆင်ပြေစေရန် YBS ခရီးသည်တင် ယာဉ်များကို သတ်မှတ်နှုန်းထားအတိုင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောဆိုထားသည်။

သင်္ကြန်ရက်များဖြစ်သည့် ဧပြီ (၁၃) ရက်တွင် ကုမ္ပဏီ (၁၆) ခု၊ YBS ယာဉ်လိုင်း (၆၇) လိုင်းမှ ယာဉ်အစီးရေ (၁၄၃၀)၊ ဧ ပြီ (၁၄) ရက်တွင် YBS ယာဉ်လိုင်း (၆၃) လိုင်းမှ ယာဉ်အစီး ရေ (၁၂၉၀) ၊ ဧပြီ (၁၅) ရက်တွင် YBS ယာဉ်လိုင်း (၆၃) လို င်းမှ ယာဉ်အစီးရေ (၁၂၈၈) စီးနှင့် ဧပြီ (၁၆)ရက်တွင် YBS ယာဉ်လိုင်း (၆၃) လိုင်းမှ ယာဉ်အစီးရေ (၁၂၈၈) စီးတို့ဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။

ထို့အပြင် ဧပြီ (၁၇) ရက်တွင် YBS ယာဉ်လိုင်း ကုမ္ပဏီ (၁၈) ခုမှ YBS ယာဉ်လိုင်းအားလုံး ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ယင်းနေ့တွင် Thet Yin Aung ကုမ္ပဏီစီမံမှုအောက်ရှိ ယာဉ်လိုင်း (၃)လိုင်းမှထွက်ရှိသည့် ယာဉ်များဖြင့် ယာဉ်စီးခအခမဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ (YRTC) စည်းကမ်းထိန်းသိမ်းရေးနှင့် စစ် ဆေးရေးဌာနမှ စာရင်းအရ ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ် ရ က်ကာလအတွင်း တိုင်ကြားမှု (၁၁) မှုရှိခဲ့ကြောင်း သိရသ ည်။

ယာဉ်စီးခ ပိုမိုတောင်းခံသည့် ယာဉ်များအား ခရီးသည်အ သွင်ယူစီးနင်း၍ CNG ယာဉ်ဖြစ်ပါက CNG ပိတ်သိမ်းပြီး ဒီဇယ်ယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်ပိတ် သိမ်းအရေးယူ ဆောင်ရွက်ခဲ့ရာ ယခု နှစ်တွင်လည်း ထိုကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here