ဂါဇာ၌ အရပ်သားများလုံခြုံမှ အစ္စရေးကို ဆက်လက်ထောက်ပံ့မည်–ကန်သမ္မတ

0
263

ဝါရှင်တန်၊ဧပြီ ၅

အမေရိကန်ပြည်တွင်း၌ ဖိအားများမြင့်တက်လာသဖြင့် အစ္စရေးအပေါ်ရပ်တည်ချက် သည် ပြောင်းလဲနိုင်ကြောင်း အ မေရိကန်သမ္မတဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအား သတိပေးစကားပြောကြားခဲ့ပြီး ဂါဇာ၌ အရပ်သားများ လုံခြုံမှသာ အစ္စရေးကို ဆက်လက်ထောက်ပံ့ ရန် စဉ်းစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အစ္စရေးဝန်ကြီးချုပ်ရုံးက ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးပို့ရန် ယာယီခွင့်ပြုပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သဖြင့် နှစ်ဖက်ခေါင်းဆောင်အကြား တင်းမာမှုအခြေအနေမှ ရလဒ်တစ်ခုထွက်ပေါ်လာခဲ့သည်ဟုလည်းဖော်ပြထားသည်။

သမ္မတဘိုင်ဒင်သည် ဟားမတ်စ်တို့က စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်ဖြစ်စဉ် စကတည်းက အစ္စရေးဘက်မှ အခိုင်အမာရပ်တည်ခဲ့သကဲ့သို့ ဂါဇာရှိအရပ်သားသေဆုံးမှုများအားဝေဖန်ခဲ့သော်လည်း အစ္စရေးသို့ထောက်ပံ့နေခြင်းအား ရပ်တန့်ခဲ့ခြင်းမရှိပေ။

သို့သော် ၎င်းအနေဖြင့် အစ္စရေး၏လုပ်ရပ်များကြောင့် အမေရိကန်နိုင်ငံအတွင်းရှိ မွတ်ဆလင်လူမျိုးများအပါအဝင် လူငယ်ဆန္ဒမဲရှင်များ၏ ကန့်ကွက်ရှုံ့ချမှုများနှင့်ရင်ဆိုင် နေရပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထောက်ပံ့ရေးလုပ်သားငါးဦးသေဆုံးခဲ့သဖြင့် အခြေအနေတင်းမာလာခဲ့သည်။

အကူအညီပေးရေးလုပ်သားများကို  ယခု ကဲ့သို့ တိုက်ခိုက်ခံရမှုသည် လက်ခံနိုင်ဖွယ်မရှိဟုဆိုကာ အမေရိက သည် အစ္စရေးကို  ချက်ခြင်းအပစ်ရပ်ရန် တိုက်တွန်းခဲ့သဖြင့် နေတန်ယာဟုနှင့်သမ္မတဘိုင်ဒင်အကြား တင်းမာမှုများမြင့်တက် လာခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here