နေတိုးနှင့်မိတ်ဖက်သဘောတူစာချုပ်သစ် နူးဇီလန် လုပ်တော့မည်

0
132

ဝယ်လင်တန်၊ဧပြီ ၅

နူးဇီလန်သည် စုပေါင်းလုံခြုံရေးကို ထောက် ပံ့ရန်အတွက် နေတိုးမိတ်ဖက်များနှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားရန် သန္နိဌာန်ချထားပြီး လာမည့်လများတွင် နေတိုးနှင့်မိတ်ဖက်သဘောတူညီချက်အား စေ့စပ်ညှိနှိုင်းမှုကို အပြီးသတ်နိုင်ရန်မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာစ် ကပြောကြားခဲ့သည်။

“ယူကရိန်းကိုယ်ပိုင်ကာကွယ်ရေးအတွက် ပံ့ပိုးကူညီမှုလိုမျိုး စုပေါင်းလုံခြုံရေးအတွက် နေတိုးမိတ်ဖက်တွေနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ နူးဇီလန်က ကတိပြုထားပါတယ်” ဟု ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ဘရပ်ဆဲလ်၌ကျင်းပသည့် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး၌ ၎င်းကပြောကြားခဲ့သည်။

နူးဇီလန်သည် နေတိုးနှင့် မိတ်ဖက်ဆက်ဆံမှုပုံစံသစ်တစ်ရပ်ကိုညှိနှိုင်းနေပြီး အဆိုပါအစီအစဉ်အားလုံးကိုအံဝင်ခွင်ကျဖြစ်စေသော မိတ်ဖက်ဆက်ဆံရေးပုံစံသစ်သို့ အသွင်ပြောင်းကာမဟာမိတ်ဖွဲ့ထားခြင်းလည်းဖြစ်သည်။

“လာမယ့်လတွေမှာ ဒီမိတ်ဖက်ဆက်ဆံရေးဆွေးနွေးမှုတွေကို အပြီးသတ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပြီးမြင်သာထင်သာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကိုပြုလုပ်နိုင်မဲ့ သဘောတူညီမှုရဖို့လည်းမျှော်လင့်ပါတယ်” ဟုပါပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here